အိန္ဒိယ (မီဇိုရမ်) - မြန်မာ ( ပလက်ဝ) နယ်စပ်ဝင်ထွက်သွားလာခွင့် ပြန်ဖွင့်ပေးပြီ

အိန္ဒိယ (မီဇိုရမ်) - မြန်မာ ( ပလက်ဝ) နယ်စပ်ဝင်ထွက်သွားလာခွင့် ပြန်ဖွင့်ပေးပြီ

ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ယာယီပိတ်ထားတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝအကြားရှိ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို နိုဝင်ဘာလ ၂၄ ရက်နေ့လောက်က စလို့ ပြန်ဖွင့်လိုက်ပြီလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

အိန္ဒိယနယ်စပ်မှာနေထိုင်တဲ့ ပလက်ဝဒေသခံတစ်ဦးက “မနေ့ကစလို့ ထင်တယ် လော့ဒေါင်းတွေ ပြန်ဖွင့်လိုက်တာ။ ပလက်ဝဘက် ပြန်မယ့်သူတွေ ပြန်ဖို့ လုပ်တာတွေ ရှိတယ်။ ကျနော်အသိတွေ ဒီအခုက ဝမ်းရောဂါလည်း သက်သာသွားတဲ့ အခြေအနေမျိုးရှိလို့ ဖြစ်မယ်။ ဘယ်နေ့ကစလို့ အခုလို ပြန်ခွင့်ပြုတာလည်းဆိုတာ ရက်တိကျတော့ မသိလိုက်ဘူး။ မနေ့လောက်ကနေ ခွင့်ပြုတာထင်တယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ လုံတင်းကျေးရွာတွေမှာ နိုဝင်ဘာလဆန်းလောက်ကနေ စပြီး ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါတွေဖြစ်ပွားခဲ့ပြီး ဝမ်းရောဂါကြောင့် ၇ ဦး သေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပြင်းထန်ကူးစက်ဝမ်းရောဂါဟာ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝတိုက်နယ် ဒေသခံတွေနဲ့ ကုန်သည်တွေထံ ကူးစက်တာတွေထိဖြစ်ခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ အိန္ဒိ - မြန်မာနယ်စပ်ဂိတ်တွေကို အာရက္ခတပ်တော် ULA / AA ဘက်က ယာယီပိတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...