စစ်ဘေးတိမ်းရှောင်ကြတဲ့ ဖယ်ခုံစစ်ရှောင်လူထုတွေအတွက် အကူအညီတွေ လိုအပ်နေကြဆဲ

စစ်ဘေးတိမ်းရှောင်ကြတဲ့ ဖယ်ခုံစစ်ရှောင်လူထုတွေအတွက် အကူအညီတွေ လိုအပ်နေကြဆဲ

စစ်ကော်မရှင်နဲ့ ပြည်သူ့စစ် (PNO) ရဲ့ ထိုးစစ်တွေကြောင့် ဖယ်ခုံမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြတဲ့ ဖယ်ခုံ လူထုတွေအတွက် အကူအညီတွေ လိုအပ်နေကြဆဲ ပဲလို့ မြေပြင် စစ်ရှောင် ကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။

ဖယ်ခုံစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက တိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိအချိန်ထိ အကူအညီတွေများစွာ လိုအပ်နေကြဆဲပဲလို့ မြေပြင် စစ်ရှောင်ကူညီဆောင်ရွက်နေသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လက်ရှိမှာ‌တော့ တဲအိမ်ဆောက်ဖို့ အမိုးအကာတွေ၊ စားနပ်ရိက္ခာတွေ၊ ဆောင်းတွင်း အနွေးထည် တွေ စောင်တွေ ပြီးတော့ ဆေးဝါးတွေ လိုအပ်ချက်များစွာ ရှိနေပါတယ်။”လို့ မြေပြင် စစ်ရှောင်ကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုပါတယ်။

လက်ရှိမြေပြင်စစ်ရှောင်လူထုတွေဟာ ခိုလှုံကြတဲ့ နယ်မြေအလိုက် လိုအပ်ချက်တွေများနေတာကြောင့် လိုအပ်ချက်နဲ့ ပတ်သက်ပြီး တင်ပြတာမျိုးရှိပေမဲ့ အလှူရှင်ရောက်လာတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ နီးစပ်ရာ ချိတ်ဆက်မှုတွေနဲ့ပဲဆို‌တော့ ဘယ်လိုမှ မကာနိုင်ဘူး။ မဖူလုံနိုင်တဲ့ အနေအထားမှာတော့ ဖြစ်သွားတာပေါ့။ အခြားသော အဖွဲ့တွေလို ကြီးမားသော ချိတ်ဆက်နိုင်မှု မရှိတာလည်း ပါပါတယ်။ ဒါအဖက်ဖက်ကနေ ကြည့်ရင်တော့ အဖက်ဖက်ကနေ အားနည်းကြတာလည်း ပါတယ်။” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူ တဦးက ပြောပါတယ်။

အဆိုပါ လိုအပ်ချက်တွေ ရှိနေကြတဲ့ စစ်ရှောင်လူထုတွေဟာ ဖယ်ခုံမြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပြီး လက်ရှိမှာတော့ ဖယ်ခုံအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ လာရောက်ခိုလှုံနေကြတာပါ။ အိမ်ထောင်စု အားဖြင့် ၆၀၀ နဲ့ ၇၀၀ ကြားမှာ ရှိတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။

Photo credit - Nway Oo Yaung Chi Foundation

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...