ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းရွာနှင့် သိုင်းချောင်းဆည်ကို သိမ်းပိုက်ရရှိဟု စစ်လော်ဘီများသတင်းထုတ်ပြန် (သိုင်းချောင်းတိုက်ပွဲ ဘတစ်ပြန်၊ ကျားတစ်ပြန်ဖြစ်နေဆဲဟု ဒေသခံစစ်ရေးရင်းမြစ်ပြောဆို)

ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းရွာနှင့် သိုင်းချောင်းဆည်ကို သိမ်းပိုက်ရရှိဟု စစ်လော်ဘီများသတင်းထုတ်ပြန် (သိုင်းချောင်းတိုက်ပွဲ ဘတစ်ပြန်၊ ကျားတစ်ပြန်ဖြစ်နေဆဲဟု ဒေသခံစစ်ရေးရင်းမြစ်ပြောဆို)

ရခိုင်ပြည်၊ အာရက္ခတပ်တော် ( AA) ထိန်းချုပ်ထားသည့် ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းရွာနှင့် သိုင်းချောင်းဆည်ကို သိမ်းပိုက်ရရှိကြောင်း စစ်လော်ဘီများက ဓာတ်ပုံများက သတင်းထုတ်ပြန်လာသည်။

၎င်းသိုင်းချောင်းရွာနှင့် သိုင်းချောင်းဆည်ကို နိုဝင်ဘာ ၁၀ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။  

အဆိုပါသတင်းနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “စစ်ရေးက တစ်ရက်နဲ့ တစ်ရက်မတူပါဘူး။ ကျောက်ဖြူတိုက်ပွဲက ဒီနေ့ သူတို့ ဒီနေရာရရင် မနက်ဖြန် အေအေက ပြန်ရတယ်။ ဒီလို သူတစ်ပြန် ကိုယ်တစ်ပြန်ဖြစ်နေတာပါ။ အခုထိလည်း အပြင်းအထန်ဖြစ်နေဆဲပါ”ဟု ပြောသည်။

လက်ရှိအကြမ်းဖက်စစ်တပ်သည် ကျောက်ဖြူတိုက်ပွဲအတွင်း လေယာဉ်ပစ်ကူ၊ ရေတပ် ပစ်ကူများအပြင် မြေပြင်ဒရုန်းတပ်ဖွဲ့များကပါ ပူးပေါင်းတိုက်ခိုက်နေပြီး တိုက်ပွဲများမှာ အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိနေသည်ဟု ၎င်းက ပြောကြားသည်။

“AA က ဗျူဟာချပြီး တိုက်နေတာပါ။ တက်လိုက်ဆင်းလိုက်၊ အသာစီးရရင် တိုးလိုက်၊ အပိုင်ရရင် တွယ်လိုက် အေသလို ကစားနေတာပါ။ အကြမ်းဖက် စစ်တပ်က အနည်းဆုံးမရှိရင်တောင် အခုလတ်တလောတိုက်ပွဲအတွင်း လေးငါးရာ လောက်သေပါပြီ။ တိုက်ပွဲဆိုတော့ အေအေလည်း ကျတာရှိတယ်။ စစ်တပ်ကတော့ ၁၀ ဆလောက် ပိုများတာပေါ့။ ဒီလို အကျအဆုံးများပေမယ့် စစ်တပ်က လူတွေပြန် ဖြည့်တယ်။ ပြန်စစ်ကြောင်းထိုးတယ်။ ကျောက်ဖြူနောက်ဆုံးတိုက်ပွဲ စောင့်ကြည့်လိုပါတယ်။ ပွဲသိမ်းတိုက်ပွဲမရောက်သေးပါဘူး”ဟု ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့ကတည်းက သိုင်းချောင်းသို့ထိုးဖောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် အာရက္ခတပ်တော် (AA)တို့ အကြား ၂ ရက်ဆက်တိုက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၎င်းစစ်ကြောင်းတွင် စစ်သည်အင်အား ၂၀၀ ကျော်ခန့်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီးလက်ရှိ သိုင်းချောင်းကို ဝင်ရောက်သွားပြီဖြစ်သော်လည်း AA က ပြန်လည်တိုက်ခိုက်နေသဖြင့် တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်ဟု သိရသည်။

February 6, 2026
သဉ္ဇာနွယ် — ရခိုင်ရိုးမအရှေ့ခြမ်းပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ကပစ( ၁၆) အနီးရှိ...
February 5, 2026
(နို့ဆီဗူး ၆၅ ဗူးဆံ့တောင်းများဖြင့်သာ ခြင်တွယ်ရောင်းချနေရ၍ တွက်ခြေမကိုက်ဟုဆို) ကျော်သီဟ -...
February 4, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူတွင် ထောင်ဝန်ထမ်းတစ်ဦးကို သတ်ပြီး အကျဉ်းသားငါးဦး...
February 3, 2026
ခိုင်လူလှ (ရိုးမမြေ) —  (စစ်ကော်မရှင်ဘက်က ၂၀ ကျော်သေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိ...