ပလက်ဝချင်းစစ်ဘေးရှောင်တွေနေထိုင်တဲ့ မီဇိုရမ်ပြည်က ရွာ ၂ ရွာမှာ ဝမ်းရောဂါဖြစ်ပွါးကာ သေဆုံးသူ ၆ ဦး အထိ ရှိလာ

ပလက်ဝချင်းစစ်ဘေးရှောင်တွေနေထိုင်တဲ့ မီဇိုရမ်ပြည်က ရွာ ၂ ရွာမှာ ဝမ်းရောဂါဖြစ်ပွါးကာ သေဆုံးသူ ၆ ဦး အထိ ရှိလာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်ကြတဲ့ ချင်းစစ်ဘေးရှောင်တွေ အနေများတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကာကီနဲ့ တွီဒန်းရွာမှာ နိုဝင်ဘာလဆန်းကနေ ဝမ်းပျက် ဝမ်းလျှော ကူးစက်ရောဂါ ဖြစ်ပွါးနေတာကြောင့် ၄ ဦးသေဆုံးခဲ့ကာ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာလည်း ၂ ဦး ထပ်မံ သေဆုံးခဲ့လို့ သေဆုံးသူ ၆ ဦးအထိရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒီကနေ့ မနက်ပိုင်းမှာလည်း ကာကီမှာ ၂ ယောက်ထင်တယ်။ စစ်ဘေးရှောင်လား ဒေသခံလားဆိုတာတော့ သေချာမသိရသေးဘူး။ ဝမ်းပျက် ဝမ်းလျှောကြောင့် သေတယ်။ ကာကီနဲ့ တွီဒန်းက နယ်စပ်ဒေသက ကျေးရွာဖြစ်တော့ အဓိက ဆေးဝါးမရှိလို့ သေဆုံးကြတာ ဖြစ်တယ်။ မူးဝေ၊ အော့အန်၊ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ကြတယ်။ နိုဝင်ဘာလဆန်းကနေ အခုလို ပြန်အဖြစ်များလာတာဖြစ်တယ်။ လက်ရှိ ဝမ်းပျက် ဝမ်းလျှောကြောင့် သေဆုံးလူနာက ဒီမနက်ကဟာနဲ့ ပေါင်းရင် ၆ ယောက်လောက် ရှိပြီပေါ့” လို့ပြောပါတယ်။

ကာကီနဲ့ တွီဒန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သောက်သုံးရေ မသန့်ရှင်းလို့ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ခဲ့ကြပေမယ့် သေဆုံးသည်ထိ ပြင်းထန်ခဲ့ခြင်းမရှိပေမယ့် လက်ရှိဖြစ်နေတဲ့ ဝမ်းပျက်၊ ဝမ်းလျှော ကူးစက်ရောဂါကတော့ ပြင်းထန်ပြီး သေဆုံးလူနာတွေထိ ဖြစ်နေတဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။

“မနေ့ကတော့ ကာကီကို လောင်တလိုင်က NGO တွေထင်တယ်။ လာပြီးတော့ ကာကီမှာ ဆေးဆရာမထိုင်တယ်။ ဆေးကုပေးတယ်။ သေဆုံးလူနာဖြစ်တာကလည်း ကာကီမှာဘဲ ဖြစ်တာ။ ဆေးဝါးမရှိတာ ကုသမှုပိုင်း ပိုလိုအပ်လို့ ထင်တယ်။ တွီဒန်းကိုတော့ ဆေးဝါးတွေဘဲ ပို့တယ်။ တွီဒန်းမှာက ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ကြပေမယ့် သေဆုံးလူနာတော့ မရှိဘူး” ဒေသခံတွေက ပြောပါတယ်။

ကာကီကျေးရွာမှာ ဒေသခံနဲ့ ချင်းစစ်ဘေးရှောင်တွေအပါအဝင် လူဦးရေ ၅၀၀ ဝန်းကျင်ရှိပြီး လက်ရှိဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြတာက လူဦးရေ ၂၀ ဝန်းကျင်လောက်ရှိပြီး တွီဒန်းရွာမှာ ဒေသခံနဲ့ ချင်းစစ်ဘေးရှောင် ၆၀၀ ဝန်းကျင်ရှိပြီး လူဦးရေက ၁၈ ယောက်ဝန်းကျင် လောက်က ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...