မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်ရှောင်တွေ ရိတ်သိမ်းထားတဲ့ စပါးတွေ နေလှန်းဖို့ မိုးကာမရှိတဲ့အတွက် အခက်တွေ့

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်ရှောင်တွေ ရိတ်သိမ်းထားတဲ့ စပါးတွေ နေလှန်းဖို့ မိုးကာမရှိတဲ့အတွက် အခက်တွေ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တဲ့ကြားက စပါးတွေ ရိတ်သိတ်းရရှိလာပေမယ့် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး နေလှန်းဖို့ မိုးကာမရှိတဲ့အတွက် အခက်တွေ့နေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“မိုးက ဒီလိုပဲ ဆက်တိုက်ရွာနေမယ်၊ နေကလည်း မထွက်တော့ စပါးက ပြန်လှန်းလိုက်၊ ပြန်ရုတ်လိုက်နဲ့ဆိုရင် ကောင်းကောင်းမခြောက်ဘူးလေ။ မခြောက်တော့ ကြာသွားရင် စပါးက မှိုတက်ပြီးတော့ ပျက်မှာပေါ့။ အဲ့လိုဖြစ်သွားရင်တော့ မိသားစု စားဝတ်နေရးအတွက်က ပြန်ခက်လာမှာပေါ့။ အဲ့လိုဖြစ်သွားပြန်ရော” လို့ စစ်ရှောင်တဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ စပါးကို သွားရောက်ရိတ်သိမ်းချိန်မှာ လုံခြုံရေးအခြေအနေကြောင့် လယ်ထဲမှာ စပါးကို မချွေတော့ပဲ နေအိမ်ကို သယ်ဆောင်လာပြီးမှ ချွေတာတွေကို ဆက်လက် လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် စပါးတွေဟာ နေလှန်းမှသာ အဆင်ပြေတယ်လို့ စစ်ရှောင်တွေက ပြောပြပါတယ်။

စပါးရိတ်သိမ်းချိန်မှာ ဒရုန်းနဲ့ ပစ်ခတ်ခံခဲ့ရပေမယ့် စားဝတ်နေရေးအတွက် လိုအပ်နေတာကြောင့် ရသလောက်ကို ရိတ်သိမ်းလာခဲ့တယ်လို့ နောက်ထပ် စစ်ရှောင်အမျိုးသမီး တဦးက ပြောပါတယ်။ အခုလိုခက်ခဲစွာ ရိတ်သိမ်းလာတဲ့ စပါးတွေ မခြောက်ပဲပျက်စီးသွားမှာကို ထပ်မံစိုးရိမ်ကြရပြန်တာပါ။

“စပါးလှန်းလဲ နေက မပူဘူး။ မိုးတခါရွာလိုက် နေတခါပူလိုက် ဒါမျိုးပဲ။ လှန်းလိုက် ရုတ်လိုက်၊ လှန်းလိုက် ရုတ်လိုက်နဲ့ ဟိုကြုံးဒီကြုံး ပလိုင်းနဲ့ တအားပင်ပန်းတယ်။ ခါးတွေနာတယ်လေ။ စပါးလှန်းတာ တအား အခက်ခဲဖြစ်တယ်။ စပါးလှန်းတာ မိုးကာကလည်း မလုံလောက်ဘူး။ ဟို့..မှာလှန်းတာ ကျဉ်းကျဉ်းလေးပဲ မခြောက်နိုင်ဘူးလေ။ အဲ့ဒါတပတ်လောက်ရှိပြီ” လို့ စစ်ရှောင်အမျိုးသမီး တဦးက သူမ စပါးလှန်းတဲ့ အခြေအနေကို ပြောပြပါတယ်။

ပြီးခဲ့အောက်တိုဘာလ အတွင်းမှာလည်း ဒီးမော့ဆို အနောက်ဖက်ခြမ်းက နဲ့ ဖရူဆိုဖက်က စပါးပြန်ရိတ်တဲ့ စစ်ဘေးရှောင်တချို့ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ‌သေဆုံးခဲ့တာတွေလဲ ရှိပါတယ်။

တိုင်ဖွန်းမုန်တိုင်း Kalmaegi နှင့် အတူ လေပွေလှိုင်းများအရှိန်ကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကရင်နီအပါအဝင် နိုင်ငံအနှံ့ မိုးများဆက်လက် ရွာသွန်းနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန (MOHADM) လည်း အသိပေးကြေညာထားပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...