ဖားကန့်မှာ သေနတ်နဲ့ပစ်သတ်ခံရထားတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ဖားကန့်မှာ သေနတ်နဲ့ပစ်သတ်ခံရထားတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ယူမာကျေးရွာနဲ့ မရှီကထောင်ရပ်ကွက်မှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းကိုတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မနက် ၁၂ နာရီကျော်အချိန်လောက်က အထက်ပါနေရာနှစ်ခုမှာ အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“မနေ့ညသန်းခေါင်မှာ အသံကြားတယ်။ သေနတ်အသံတွေ ဒီမနက် ပြန်ကြားတာတော့ မရှီကထောင်မှာ တစ်ယောက်လို့ ကြားတယ်။ ယူမာမှာလည်း တစ်ယောက် ဟုတ်တယ်။” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

အဲဒီအမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတဲ့နေရာက စစ်ကော်မရှင်တပ်တွေ အများပိုင်းရှိနေတတ်တဲ့ နေရာဖြစ်တယ်လို့ သိရပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

ယူမာကျေးရွာ ဆဲဗင်းမြူးစစ်စားသောက်ဆိုင်အနီးမှာ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေပြီး မရှီကထောင်ရပ်ကွက် အပိုင်း(D)မှာလည်း အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ ထပ်မံသိရှိရပါတယ်။

အဲဒီအမျိုးသားနှစ်ဦးဟာ ညအချိန်မတော်အပြင်ထွက်တာကြောင့် ပစ်သတ်ခံထားရတာ ဖြစ်နိုင်တယ်လို့လည်း နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဖားကန့်ဒေသမှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှစ်ဖက်တပ်က ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် အသီးသီး ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ယူမာကျေးရွာနဲ့ မရှီကထောင်ကျေးရွာကြားမှာရှိတဲ့ တံတားပေါ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Photo credit - CJ

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...