လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ၁၂ နှစ်အရွယ်ကလေးတစ်ဦး မိုင်းထိ

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ၁၂ နှစ်အရွယ်ကလေးတစ်ဦး မိုင်းထိ

ကရင်နီပြည်၊ လွိုင်ကော်မြို့ ၊ မိုင်းလုံးရပ်ကွက်မှာ ပြီးခဲ့တဲ့အောက်တိုဘာလ နောက်ဆုံးပတ်က နေအိမ် ခြံဝန်းအတွင်းမှာ ၁၂နှစ်အရွယ်ကလေးတစ်ဦး မိုင်းထိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကွဲသံကြားတယ်။ နောက် စုံစမ်းကြည့်တော့ ကလေးတစ်ယောက်ထိတယ် ပြောတယ် ဒဏ်ရာတော့ပြင်းတယ်။” လို့ မိုင်းလုံးရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

မိုင်းထိမိသူဟာ ယောက်ျားလေးဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရပါတယ်။ အဆိုပါ ကလေးဟာ မျက်လုံး၊ ခြေထောက်၊ လက်တွေမှာ ထိခိုက်ဒဏ်ရာရထားပြီး မိသားစုဝင်တွေက ငွေကြေးမတတ်နိုင်တာကြောင့် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့တွင်းမှာ စစ်ကော်မရှင်ကနေ အေးချမ်းသာယာနေပြီဖြစ်ကြောင်း ဝါဒဖြန့်ချိနေပေမယ့် တိုက်ပွဲဖြစ်ပွားဖူးတဲ့ ရပ်ကွက်တွေမှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်း မိုင်းရှင်းလင်းရေးအတွက် စစ်ကောင်စီလက်အောက်ခံ စစ်အင်ဂျင်နီယာာတပ် (GE) တပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အခကြေးငွေ ပေးဆောင်နေရပေမယ့် လက်ကျန်မြေမြှုပ်မိုင်းကို နင်းမိသူက ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့က ရှင်းရင်လည်း ခြုံလောက်ပဲ ရှင်းပေးတာ အနှံ့တောင် မစစ်ဘူး။ တစ်ခါတစ်ရံ အိမ်ရှင်တွေက ရှင်းပြီး ဆိုပြီး ပြန်နေကာမှ မိုင်းတွေ့တော့ မှ ပြန်အကြောင်းကြားရတာတွေ ရှိတယ်ဗျ။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းက ယခင် တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ ရပ်ကွက်တွေမှာ မြေမြုပ်မိုင်းပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး နေအိမ်ပြန်တဲ့ အရပ်သားတွေ ထိခိုက်မှုရှိနေပေမယ့် လုံခြုံရေးအရ ဖြစ်စဉ်ကို ထုတ်ဖော် ပြောဆိုမှုတွေ ဒေသခံတွေ မလုပ်ရဲကြဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်အများစုမှာ ဒေသခံတွေကို ပြန်နေခွင့် ပြုထားပေမယ့် အုပ်ချုပ်ရေးရုံးမှာ အမည်စာရင်းသွင်းရတာ၊ ဂိတ်တွေမှာ စစ်ဆေးရေးဆောင်ရွက်တာ ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း လွိုင်ကော်မြို့တွင်းက ရပ်ကွက်တချို့မှာ မိုင်းကြောင့် ထိခိုက်မိတဲ့အရပ်သားပြည်သူတွေ ၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...