စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၁ အတွက် ကရင်နီပြည်တွင် ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ ၄ ခုမှာ ကိုယ်စားလှယ်လောင်း (၈၇) ဦးရှိ

စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၁ အတွက် ကရင်နီပြည်တွင် ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ ၄ ခုမှာ ကိုယ်စားလှယ်လောင်း (၈၇) ဦးရှိ

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း (၁) အတွက် ကရင်နီပြည်က မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၄ ခုရှိပြီး ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း (၈၇) ဦး ရှိတယ်လို့ သိရပါတယ်။

ပါတီ ၄ ခုကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ရွေးကောက်ခံမယ့် နိုင်ငံရေးပါတီတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP ) နဲ့ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ပုံစံနှစ်မျိုးနဲ့ ပြုလုပ်သွားမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။

ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ခံမယ့် လွိုင်ကော် မဲဆန္ဒနယ်မှာ KySPP၊ USDP၊ PPP၊ NUP၊ ဒီးမော့ဆို မဲဆန္ဒနယ်မှာ PPP၊ KySPP၊ USDP၊ ဖရူဆိုမဲဆန္ဒနယ်မှာ USDP၊ KySPP၊ PPP နဲ့ ဘောလခဲ မဲဆန္ဒနယ်မှာ KySPP၊ USDP၊ PPP၊ NUP စတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း ၁၄ ဦး ကနေ ပါဝင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ( မဲအများဆုံးရသူအနိုင်ယူစနစ် FPTP ) ကနေ မဲဆန္ဒနယ် ၄ ခုမှာ ကိုယ်စားလှယ်လောင်း ၁၁ ဦး ၊ အချိုးကျကိုယ်စားပြုစနစ် (PR) မှာ ကိုယ်စားလှယ်လောင်း ၂၁ ဦး ရှိပါတယ်။

ကယားပြည်နယ် အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မှာ ပါတီ ၄ ခုက ကိုယ်စားလှယ်လောင်း ၂၁ ဦး ၊ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မှာ ကိုယ်စားလှယ်လောင်း ၁၅ ဦး ရှိပါတယ်။

ကယားပြည်နယ်လွှတ်တော် ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ( မဲအများဆုံးရသူအနိုင်ယူစနစ် FPTP ) မှာ KySPP ၊ USDP ၊ PPP ၊ NUP ပါတီက ကိုယ်စားလှယ်လောင်း တစ်ဦးစီအပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ၂၆ ဦး ၊ ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) က ၂၆ ဦး ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP ) က ၂၅ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) က ၉ ဦး နဲ့ တစ်သီးပုဂ္ဂလတစ်ဦး စုစုပေါင်း ၈၇ ဦး ဖြစ်ပါတယ်။

UEC ကနေ ရွေးကောက်ပွဲအပိုင်း (၁) အတွက် မဲဆွယ်စည်းရုံးရေးကာလကို အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားပါတယ်။ ရွေးကောက်ပွဲအပိုင်း(၁) မှာ ပြုလုပ်သွားမယ့် မြို့နယ်ပေါင်း (၁၀၂) မြို့ ရှိပြီး ကရင်နီပြည်က လွိုင်ကော်နဲ့ ဘောလခဲမြို့နယ် ပါဝင်ပြီး မဲဆွယ်စည်းရုံးရေးကို ရွေးကောက်ခံပါတီတွေက ပြုလုပ်တာကို မတွေ့ရှိရသေးဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...