ချင်းနိုင်ငံရေးသမား ပူးဇိုဇမ် SNDP ပါတီကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ၀င်ပြိုင်မယ်

ချင်းနိုင်ငံရေးသမား ပူးဇိုဇမ် SNDP ပါတီကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ၀င်ပြိုင်မယ်

ချင်းနိုင်ငံရေးသမား ပူးဇိုဇမ်ဟာ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ ကျားဖြူပါတီ/ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( SNDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ PR စနစ်အမျိုးသားလွှတ်တော်နေရာမှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ကိုယ်စားလှယ် လောင်းစာရင်းအရသိရပါတယ်။

ပူးဇိုဇမ်က “ကျားဖြူကနေ PR....အမျိုးသားလွှတ်တော် တင်ထားတယ်။ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ ခရိုင် ၆ ခရိုင်ကိုယ်စား တင်ထားတယ်” လို့ Chin World Media ကို အတည်ပြုပါတယ်။

၂၀၂၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီအလိုက် အမည်စာရင်း တင်သွင်းမှုအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဟာ ကိုယ်စားလှယ်လောင်း (၁,၀၁၈)ဦးဖြင့် အများဆုံးဖြစ်ကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ (၆၉၄) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၂) ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၄၂၈)ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ (၅၈၄)ဦး၊ ပြည်သူ့ပါတီမှ (၅၁၂)ဦး၊ တိုင်း/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ (၉၆၀)ဦးနှင့် တစ်သီးပုဂ္ဂလအဖြစ် (၉၅) ဦးတို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ပူးဇိုဇမ်ဟာ နာမည်ကျော်ကာတွန်းဆရာတစ်ဦးလည်းဖြစ်ကာ ၂၀၁၀ ရွေး ကောက်ပွဲမှာ ချင်းအမျိုးသား ပါတီ(CNP)ကို ဦးဆောင်တည်ထောင်ကာ တီးတိန်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၀ ရွေး ကောက်ပွဲအနိုင်ရခဲ့ပါတယ်။ ပူးဇိုဇမ်ဟာ ၂၀၁၁-၁၅ အထိ တီးတိန်မြို့နယ်ကိုယ်စားပြုပြီး ချင်းပြည်နယ် လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ပူးဇိုဇမ်ဟာ ၂၀၁၅ ခုနှစ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သ ဘောတူစာချုပ်(NCA) အခမ်းအနားမှာလည်း အသိသက်သေအဖြစ်ပါဝင်ခဲ့ပါတယ်။ ထို့ နောက် ချင်းပါတီများ ပေါင်းစည်း ရေးမှာပါဝင်ခဲ့ပြီး ၂၀၂၀ ရွေး ကောက်ပွဲမှာ ချင်း ၃ ပါတီ ပေါင်းစည်းထားတဲ့ ချင်းအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ(CNLD)ရဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာစစ်တပ် အာဏာသိမ်းပြီးနောက် ပူးဇိုဇမ်တို့ရဲ့ CNLD ပါတီဟာ ပြန်မှတ်ပုံမတင်တဲ့အတွက် ပါတီဖျက်သိမ်းခံခဲ့ရပါတယ်။

photo credit - CJ

March 20, 2026
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူ တရပ်လုံးအနေဖြင့် အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်ဖြင့်...
March 17, 2026
နိုင်ငံတကာကလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တော်လှန်ရေးအစိုးရရဲ့...
March 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရတဲ့...
March 14, 2026
ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ...