စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ရွာငံတွင် လူနေအိမ်နှင့် စပါးကျီအလုံး ၁၅၀ ပျက်စီးဆုံးရှုံးခဲ့ဟု SHRF ပြော

စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ရွာငံတွင် လူနေအိမ်နှင့် စပါးကျီအလုံး ၁၅၀ ပျက်စီးဆုံးရှုံးခဲ့ဟု SHRF ပြော

စစ်ကော်မရှင်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးပတ်မှ စက်တင်ဘာလကုန်အထိ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ရွာငံမြို့နယ်တွင် လူနေအိမ်ခြေ ၆၀ နှင့် ကျပ်သိန်း ၁,၅၀၀ တန်ဖိုးရှိ စပါးကျီအလုံးရေ ၉၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (အောက်တိုဘာ ၁၆) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ထဲတွင် အင်အား ၈၀ ခန့်ပါသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ရွာငံမြို့နယ်၊ ကျောက်တောကျေးရွာသို့ ဝင်ရောက်ပြီးနောက် နေအိမ်များမှ ပစ္စည်းများကို လုယက်ခြင်း၊ ကျွဲ၊ နွားအပါအဝင် မွေး မြူရေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ကာ ရွာကို မီးတင်ရှို့မှုကြောင့် နေအိမ် ၂၇ လုံးမီးလောင်ပြာကျခဲ့ကြောင်း SHRF က ဆိုသည်။

ထို့နောက် စက်တင်ဘာလထဲတွင်လည်း အဆိုပါရွာကိုပင် ထပ်မံဝင်ရောက်မီးရှို့ခဲ့သည့်အတွက် နောက်ထပ်နေအိမ် ၂၃ လုံးနှင့် စပါးကျီ ၉၀ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတလကျော်ကာလအတွင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်သားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ဘေးရှောင် (IDP)စခန်းတခုနှင့် တောင်ယာတဲအများအပြား ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တဦးအပါအဝင် ဒေသခံခြောက်ဦး တရားလက်လွတ် ဖမ်းဆီးခံခဲ့ရကြောင်းလည်း ဆိုထားသည်။

ကလောအခြေစိုက် ခြေမြန်တပ်မ (၅၅) နှင့် မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ (၉၉) လက်အောက်ခံ စစ်ကော်မရှင်တပ်သား ၅၀၀ ခန့်သည် ရွာငံမြို့နယ်အနောက်ပိုင်း၊ ရွာငံ-မိတ္ထီလာ နယ်စပ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး ဩဂုတ်လ ဒုတိယပတ်အထိ ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF)တပ်ဖွဲ့ဝင်များနှင့်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း စစ်ကော်မရှင်တပ်သားများသည် ရွာငံမြို့နယ် ကျောက်တောနှင့် ညောင်ပင်သာကျေးရွာတို့တွင် တပ်စွဲထားကာ နေရပ်စွန့်ခွာနေရသည့် အရပ်သား ၅၀၀ နီးပါးမှာ အနီးဝန်းကျင်ရှိ တောများထဲတွင် ဆက်လက်နေထိုင်နေကြရပြီး အစားအသောက်နှင့် အမိုးအကာအပါအဝင် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း SHRF က ထုတ်ပြန်ထားသည်။

photo credit - CJ

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...