ရေး တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က အထိနာနေ၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၀ ဦးထက်မနည်း သေဆုံး

ရေး တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က အထိနာနေ၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၀ ဦးထက်မနည်း သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အထိနာနေပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း များပြားကြောင်း မြေပြင်တော်လှန်ရေးသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများဘက်ကို အင်အားရာချီဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

မြေပြင်တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက “တိုက်ပွဲမှာ စကခဘက်က အထိနာနေတယ်။ တော်လှန်ရေးတပ်ဘက်က ပျောက်ကြားစစ်ဆင်ရေးနဲ့ ဆက်တိုက်နေတယ်။ အခြေအနေကတော့ တင်းမာနေဆဲပဲ” ဟု ဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည့် စစ်ကော်မရှင်တပ် ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်မြောက်ပိုင်း ကျေးရွာများဘက်နှင့်အမှတ် ၈ ပြည်ထောင်စု လမ်းမတလျှောက်တွင် အင်အား ၄၀၀ ကျော် ရှိသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက စစ်ကြောင်းခွဲပြီး သံဖြူဇရပ်မြို့နယ်တောင်ပိုင်း နယ်စပ်အထိ စစ်ကြောင်းထိုးလျက်ရှိသည်။

လက်ရှိအချိန်ထိ စစ်ကော်မရှင် စစ်ကြောင်းများ တည်ရှိနေသည့်အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ ရှိသည့်အထင်ဖြင့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်လည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။  

စစ်အာဏာရှင် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲနှင့် တပင်ရွှေထီး ပူးပေါင်းတပ်တို့က တိုက်ခိုက်လျက်ရှိသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...