ချင်းပြည်နယ်မှာ လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါးက သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ် ပူပန်နေကြရကြောင်း ကုလထုတ်ပြန်

ချင်းပြည်နယ်မှာ လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါးက သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ် ပူပန်နေကြရကြောင်း ကုလထုတ်ပြန်

မြန်မာနိုင်ငံရှိ လူငယ် (၇) ယောက်မှာ (၁) ယောက်နှုန်းက သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ် ပူပန်နေကြရပြီး ချင်းပြည်နယ်မှာဆိုရင် လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါးက ဒီလိုခံစား နေရကြောင်း လုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်မှုဟာ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဘက်က လူငယ်တွေမှာ ပိုအဖြစ်များတာ တွေ့ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ( UNDP Myanmar) ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံရှိ လူငယ်များစွာဟာ သူတို့ရဲ့ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းဖြစ်လာတယ်လို့ UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ လူငယ် ၇ ယောက်မှာ ၁ ယောက်နှုန်းက သူတို့ရဲ့ လုံခြုံရေးအတွက် အမြဲတမ်း ဒါမှမဟုတ် မကြာခဏ စိုးရိမ်ပူပန်နေရပြီး ပဋိပက္ခဒေသတွေဖြစ်တဲ့ ချင်းမှာဆို (၃၀ %) ၊ ကယား (၂၅ %) ပိုမြင့်မားနေတယ်လို့လည်း ဖော်ပြပါတယ်။

ဒီအခြေအနေတွေဟာ မလုံခြုံမှုတစ်ခုတည်းသာမကဘဲ မျိုးဆက်တစ်ခုလုံး ကြောက်ရွံ့မှု၊ မယုံကြည်မှုနဲ့ စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ဖြေရှင်းရန် ဖိအားပေးခံနေရခြင်းကဲ့သို့ဖြစ်တယ်လို့လည်း UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အထူးသဖြင့် အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် အမျိုးသားလူငယ်များသည် မိမိတို့၏ လုံခြုံရေးအပေါ် ပိုမိုစိုးရိမ် ကြောက်ရွံ နေကြရပြီး၊ ၎င်းစိုးရိမ်မှုသည် အဓိကအားဖြင့် စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းခံရနိုင် ခြေရှိမှုနဲ့ သက်ဆိုင်ကြောင်း လူငယ် ၄၀ ရာခိုင်နှုန်းကျော်သည် ညဘက်တွင် တစ်ဦးတည်း လမ်းလျှောက်ပါက “မလုံခြုံဘူး” သို့မဟုတ် “လုံးဝ မလုံခြုံဘူး” ဟု ဖြေဆိုကြပြီး ၎င်းသည် စစ်တပ်မှ အာဏာမသိမ်းမီက နှုန်းထားထက် နှစ်ဆကျော် ပိုများပြားလာနေတယ်လို့ UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပဋိပက္ခတွေ တိုက်ပွဲပဋိပက္ခတွေ ပိုမိုပြင်းထန်လာသလို စစ်အုပ်စုက လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းလူစုဆောင်းတာတွေ လုပ်လျက်ရှိတာကြောင့် လူငယ်တွေမှာ နေ့စဉ် မလုံခြုံမှု ခံစားနေကြရပါတယ်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ၄၇၈,၈၀၁ ဦး ရှိခဲ့ပါတယ်။

February 10, 2026
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊...
February 9, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသတွေ အတွင်း ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့...
February 7, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ...
February 6, 2026
ဖလမ်းမြို့နယ်အတွင်းနဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က...