မဟာမြိုင်လမ်းမှာ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတာ ကြာမြင့်နေလို့ ကလေးမြို့မှာ လောင်စာဆီနဲ့ ကုန်ပစ္စည်းတွေ ရှားပါးလာ

မဟာမြိုင်လမ်းမှာ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတာ ကြာမြင့်နေလို့ ကလေးမြို့မှာ လောင်စာဆီနဲ့ ကုန်ပစ္စည်းတွေ ရှားပါးလာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေးဝ - မဟာမြိုင်လမ်းတွေမှာ မိုးများပြီး ကုန်ကားတွေ ရာချီပိတ်မိနေတာ ကြာမြင့်နေလို့ ကလေးမြို့ပေါ်မှာ လောင်စာဆီတွေအပြင် တခြားကုန်ပစ္စည်းတွေ ရှားပါးလာပြီး ဈေးတွေ တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “လမ်းပန်းဆက်သွယ်ရေးတွေက ပိတ်မိနေတာမျိုးရှိတော့ ကလေးမြို့မှာက အဓိကတော့ ဓာတ်ဆီဈေးတွေ တက်ကုန်တယ် တချို့ဆိုင်တွေဆို အရောင်းပိတ်ထားရတယ် မြတ်မေတ္တာမွန်လည်း ပိတ်ထားတယ် အခုထိတော့ မပြတ်သေးပေမယ့် ရှားတာရယ် ဈေးလည်း တက်ကုန်တာပေါ့” လို့ပြောပါတယ်။

ကလေးမြို့နယ်၊ ပျဉ်းကိုင်းကျေးရွာအနီး ကလေးဝ - မဟာမြိုင်ကားလမ်းမှာ မိုးများကာ လမ်းတွေ ဗွက်နစ်တာကြောင့် ကုန်ကားအစီး ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့လောက်ကနေ ပိတ်မိနေတာတစ်လခန့် ကြာနေပြီဖြစ်တယ်လို့ သိရပါတယ်။

ကုန်တင်ကားတွေ ပိတ်မိနေတာကြောင့် ကုန်ပစ္စည်းတချို့ကိုတော့ ချင်းတွင်းမြစ်ရေကြောင်းကနေတဆင့် သယ်ယူ ရောင်းချနေရတယ်လို့လည်းသိရပါတယ်။

ကလေး - ဂန့်ဂေါလမ်း၊ ကလေး - ယာကြီးလမ်းတွေ ပိတ်ထားတာ ၃ နှစ်ကျော်ရှိနေပြီဖြစ်ပြီး ကလေးဝ - မဟာမြိုင်လမ်းကနေသာ ကလေးမြို့နယ်၊ တမူးမြို့နယ်နဲ့ တခြားဒေသတွေအတွက် ကုန်စည်စီးဆင်းနေတဲ့ အဓိကကျတဲ့ ကားလမ်းမဖြစ်နေတာလည်းဖြစ်ပါတယ်။

Photo credit - CJ

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...