စစ်အုပ်စုတပ်နှင့်အတူ လိုက်ပါလာသည့် DKBA စစ်ကြောင်းကို ရေးဘီလူးအဖွဲ့ ကြားဖြတ်တိုက်ခိုက်

စစ်အုပ်စုတပ်နှင့်အတူ လိုက်ပါလာသည့် DKBA စစ်ကြောင်းကို ရေးဘီလူးအဖွဲ့ ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့်အတူ လိုက်ပါလာသည့် ဗိုလ်ဘိ ဦးစီး ကြာအင်းပေါ်တော်မူ (DKBA) အဖွဲ့ စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် ရေးမြို့နယ် အခြေစိုက် စစ်အုပ်စု ခြေမြန်တပ်ရင်း (ခမရ-၃၄၃) တပ်ရင်းမှတစ်ဆင့် အာယုတောင်အရှေ့ဘက် ဝါးကျောင်းသို့ အင်အား ၄၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် ထိုပူးပေါင်းစစ်ကြောင်းကို ရေးဘီလူးအဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲစဖြစ်တာက ညနေ ၃ နာရီလောက်ကပါ။ စစ်ကောင်စီဘက်က လေးဦးသေတယ်။ သေနတ် တော့ မရခဲ့ဘူး။ သူတို့က အာယုတောင်အရှေ့ဘက်၊ ဝါးကျောင်းကို အရင်တက်လာတာပါ” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ဗိုလ်ဘိ (DKBA) အဖွဲ့အပြင် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအချို့လည်း စစ်အုပ်စုတပ်များနှင့် ပူးပေါင်းကာ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ကူတိုက်ပေးလျက်ရှိနေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စု ကားလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လမ်းပိုင်းအတွင်းရှိ နီးစပ်ရာ ကျေးရွာများ အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေရာယူခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။

July 4, 2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်သည့်...
ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...
Photo: CJ
July 1, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင်...