ကျောက်မဲနှင့် သီပေါမြို့များတွင် စစ်ကော်မရှင်၏ စရဖနှင့် သတင်းပေးများကို ဖမ်းဆီးရမိ

ကျောက်မဲနှင့် သီပေါမြို့များတွင် စစ်ကော်မရှင်၏ စရဖနှင့် သတင်းပေးများကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့များတွင် သတင်းရယူရန် စစ်ကော်မရှင်တပ်မှ စေလွှတ်ထားသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နှင့် သတင်းပေး(ဒလန် ) ၁၀ ဦးကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA မှ ယနေ့ (စက်တင်ဘာလ ၂၅ ရက်)တွင် သတင်းထုတ်ပြန်သည်။

၎င်း စရဖ တပ်ဖွဲဲ့ဝင်များ နှင့် သတင်းပေးများကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်စဥ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း TNLA က ဆိုသည်။

အဆိုပါ စရဖအဖွဲ့ဝင်များနှင့် သတင်းပေးများသည် လားရှိုးမြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့မှ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်သော မြို့နယ်များတွင်ရှိသည့် TNLA ၏ ဂိတ်နေရာများ၊ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင်အားများ၊ ဌာနဆိုင်ရာအင်အားများ၊ တပ်စခန်းနေရာများ၊ လူစုလူဝေးများသည့်နေရာများတွင် သတင်းရယူပြီး လေကြောင်းပစ်ခတ်မှု ပြုလုပ်သွားပြီးနောက်တွင် ထိရောက်မှုရှိမရှိကို စုံစမ်းထောက်လှမ်းရယူခဲ့ကြောင်း TNLA က ဆိုသည်။

ယင်းအပြင် TNLA အုပ်ချုပ်သော မြို့နယ်များအတွင်သို့ စစ်ကော်မရှင်တပ် လွယ်ကူစွာဝင်ရောက်နိုင်မည့် လမ်းနှင့် ထောက်ပို့လမ်းကြောင်း အခြေအနေများကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့ခဲ့ကြောင်း TNLA က ဆို သည်။

၎င်းတို့သည် မြို့အတွင်းသို့ လမ်း‌လျှောက်၍ သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ လိုင်းကားဖြင့်သော်လည်းကောင်း၊ အိမ်ကားဖြင့်သော်လည်းကောင်း၊ သူဌေးယောင်ဆောင် ၍သော်လည်း ကောင်း၊ သူတောင်း စားယောင်ဆောင်၍သော်လည်းကောင်း၊ ခရီးသွားယောင်ဆောင်၍သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်ပြီး သတင်းများထောက်လှမ်းယူခဲ့ခြင်းကြောင်း TNLA က အသိပေးသည်။

အဆိုပါ သတင်းပေးများ အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာတွင်လည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နှင့် လူရှင်းသည့်နေရာများတွင် လူချင်းတွေ့ပြီး တဦးနှင့်တဦး သတင်းပေးခြင်းများ ရှိပြီး စစ်ကော်မရှင်တပ်ထံသို့ သတင်းပေးပို့ရာတွင် အွန်လိုင်းပလက်ဖောင်းဖြစ်သည့် Viber၊ Facebook၊ Wechat၊ Telegram များဖြင့် သတင်းပေးပို့ခဲ့သည်ဟု ဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် တအာင်းပြည်အတွင်းရှိ မြို့နယ်များတွင် စစ်ဘက်ရေးရာလုံခြုံ‌ရေးများစွာ စေလွှတ်ထားပြီး အဆိုပါဖမ်းဆီးရမိသူများကိုလည်း လုံခြုံစိတ်ချသည့်နေရာတွင် ကောင်းမွန်စွာထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်ပါက တအာင်းပြည် ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...