ထိုင်း - ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတစ်နေရာမှာ အရေပြားယားယံမှု အဖြစ်များနေဆဲ

ထိုင်း - ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတစ်နေရာမှာ အရေပြားယားယံမှု အဖြစ်များနေဆဲ

ထိုင်း - ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတစ်နေရာမှာ ဆယ်ကျော်သက်အရွယ်လူငယ်တွေနဲ့ ကလေးတွေ အရေပြားယားယံမှု အဖြစ်များနေဆဲ ဖြစ်တယ်လို့ စစ်ရှောင်စခန်းရဲ့ ဆေးပေးခန်းဆရာမတစ်ဦးက ပြောပါတယ်။

အဆိုပါအရေပြားယားယံမှုက ပျောက်ကင်းသွားတာမျိုးမရှိဘဲ နှစ်စဉ် ပုံမှန်ဖြစ်ပွားနေပြီး တစ်လလျှင် ဆေးခန်းကို လာရောက်ပြသတဲ့ အရေပြားယားယံသူ ဦးရေ ၁၀၀ နဲ့ အထက် ရှိတယ်လို့ သိရပါတယ်။

“အရေပြားရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါက ပိုများတယ်။ အရေပြားရောဂါကဖြစ်တာကြာပြီ ဒီမှာလာနေကြကတည်းက ဖြစ်ကြတယ်။ အရမ်းကြီးတိုးပြီးဖြစ်တာတော့ မဟုတ်ဘူး တစ်လ တစ်လကတော့ ပုံမှန်ဖြစ်နေကြတာတော့ ရှိတာပေါ့။ တစ်လ တစ်လကတော့ အယောက် ၁၀၀ နဲ့ အထက်ရှိတယ်။ ကလေး ၁၅၊ ၁၆ နှစ်အရွယ်တွေက ပိုအဖြစ်များတယ်။ ချောင်းဆိုးတာတွေလည်း ကလေးတွေ ပိုအဖြစ်များတယ်။ ဒီမှာ စစ်ရှောင်လာတော့ နေရာပြောင်းရွေ့ရတာက တောတောင်ထဲဖြစ်လို့ ခြင်ကြောင့်ကော ၊ ရေကြောင့်ကော အရေပြားယားနာတာဖြစ်နိုင်တယ်။” လို့ ဆေးပေးခန်းရဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

အရေပြားယားယံမှုဖြစ်ပွားတဲ့ လက္ခဏာတွေကတော့ အနီစက်ထွက်တာ၊ အရေကြည်ဖုထွက်တာ၊ လက်ချောင်းခြေချောင်းနဲ့ ခန္ဓာကိုယ်အနှံ့မှာ ယားယံဖုထွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရေပြားယားယံသူတွေအနေနဲ့ ယားယံတဲ့နေရာကို ဆေးပုံမှန်လိမ်းပေးတာ နဲ့ သောက်သုံးပေးတာ၊ အစာရှောင်တာ၊ တခြားသူတွေနဲ့ အခန်းခွဲအိပ်တာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပုံမှန်ပြုလုပ်တာ၊ အဝတ်အစား စောင်တွေကို နေပူထဲ လှန်းတာ၊ တစ်ကြိမ်ဝတ်ပြီးတိုင်း အဝတ်အစားတွေကို လျှော်ဖွတ်တာ ပြုလုပ်သင့်တယ်လို့ ဆေးဆရာမက မှတ်ချက်ပြုပါတယ်။

“ရောဂါအတွက် ဆေးကရှိပါတယ်၊ လူနာကဆေးပုံမှန်သောက် ပုံမှန်လိမ်းပေးရင်သက်သာလာမှာပါ” လို့ ဆေးခန်းဆရာမတစ်ဦးက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ လူဦးရေ ၂၃၀၀ ကျော် ရှိပြီး အရေပြားယားယံမှုဖြစ်ပွားသူတွေက ကျောင်းနေအရွယ် ကလေးတွေ အဖြစ်များနေကြတာပါ။ နှစ်စဉ် ယားယံမှုဖြစ်ပွားလေ့ရှိပြီး ပျောက်ကင်းအောင် ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာဖို့ ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းပါတယ်။ ကရင်နီပြည်တွင်းက တောတောင်ထဲ စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်စခန်းအများစုမှာလည်း ကလေးတွေဟာ အရေပြားယားယံမှု အဖြစ်များနေဆဲ ဖြစ်ပါတယ်။

February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...
February 9, 2026
ပြီးခဲ့တဲ့နှစ်က ဒီးမော့ဆိုမြို့ပေါ် အနီးတစ်ဝိုက်မှာ စစ်ဘေးရှောင်ရင်း စပါး ၊ ပြောင်း...
February 7, 2026
ကရင်နီပြည် ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်က လူထုတွေအကြား ဖြစ်ပွားနေတဲ့ အရေပြားရောဂါဟာ...