လေးကေကော်ကို စစ်ကြောင်းထိုးလာသည့်တပ် အကျအဆုံးများ ရှေ့မတိုးနိုင်သေး

လေးကေကော်ကို စစ်ကြောင်းထိုးလာသည့်တပ် အကျအဆုံးများ ရှေ့မတိုးနိုင်သေး

မြဝတီမြို့ တောင်ဘက်၊ လေးကေကော်မြို့သစ်ဘက်သို့ မြေပြင်စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ်ပူးပေါင်းတပ်များက ပဟိကလော်ရွာနှင့် ထီးမယ်ဝါခီး ကျေးရွာဘက်တွင် ဟန့်တားတိုက်ခိုက်ခဲ့ရာ အကျအဆုံးများပြီး စစ်ကြောင်းရှေ့မတိုးနိုင် ဖြစ်နေသည်ဟု မြေပြင်ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။

စစ်တပ်စစ်ကြောင်းက စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ လက်နက်ကြီးနှင့် ဒရုန်း ရာနှင့်ချီ ပစ်ကူယူကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းအချိန်ထိ ရှေ့တိုးမရဖြစ်နေသည်ဟု မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ကေအိုင်စီသို့ ယခုလို ပြောသည်။

“မနေ့က မနက်ပိုင်းကစပြီး လက်နက်ကြီးနေရာစုံက ပစ်လာတယ်။ တစ်နေ့ကုန် တစ်ညလုံးနဲ့ အခုမနက်မှာ ပိုပြီး ဆက်တိုက်ပစ်တာအလုံးရာချီဘဲ။ နှစ်ရက် ဆက်တိုက် ပေါ့၊ ထီးမယ်ဝါးခီးနဲ့ ပဟိကလော်ဘက်မှာ ပစ်‌နေတာ စစ်တပ်ကျတာများနေတယ်။ ရှေ့တိုးမရဲပိတ်မိ နေတယ်။ စွယ်တော်ကုန်းကို ပြန်သိမ်းဖို့ စစ်ကြောင်းထိုးလာသမျှ မိုင်းတွေပေါက်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားသည့် မြဝတီမြို့တောင်ဘက် လေးကေကော်၊ ဖလူး၊ သုံးထပ်ကွေ့၊ သေ့ဘောဘိုး၊ ဘလယ်ဒို၊ ဥကရိထ စသည့် စခန်းကုန်း နေရာများကို ပြန်တပ်စွဲနိုင်ရေးအတွက် စစ်မှုထမ်း တပ်သားသစ် အင်အား ရာချီစစ်ကူပို့ဆောင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

“ကော့ကရိတ်က တစ်ဆင့်ရောက်လာတဲ့ တပ်သားသစ်တပ်တွေကို ဝေါလေဘက်ကိုရောက် အောင်ပြန်ထိမ်းဖို့ စခန်းတွေပြန်သိမ်းဖို့၊ စစ်ဆင်ရေး စစ်ကြောင်းတွေပြင်နေတယ်၊ အခုလေးကေကော်မှာ ဖြစ်နေတဲ့ရှေ့ပွိုင့်တွေကို နောက်ကစစ်ကူလိုက်ဖို့ လုပ်နေတယ် ၊ BGF တပ်ဖွဲ့ တွေလမ်းပြနဲ့ လိုက်ပို့ရမယ့် ကိစ္စတွေ စီစဉ်နေကြတယ်” ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ လေးကေကော်ဒေသကို ပြန်စစ်ကြောင်းထိုးရာတွင် လက်ခတ်တောင်စခန်း၊ ကျောက်ဂူစခန်း၊ ခလရ-၂၇၅၊ သင်္ဃန်းညီနောင် စစ်ဗျူဟာတို့မှ လက်နက်ကြီး၊ မစ်ဇိုင်းဒုံး၊ ဒရုန်းဗုံးချ တိုက်ခိုက်မှုတို့ဖြင့် ယခုညနေပိုင်း အထိ လက်နက်ကြီးပစ်ခတ် ပစ်ကူးပေးပြီး တိုက်ပွဲဆက်ဖြစ်နေကြောင်း သိရသည်။

September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...
September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...