ဖားကန့်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးတစ်ဦးသေဆုံး

ဖားကန့်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးတစ်ဦးသေဆုံး
Photo credit - CJ
Photo credit - CJ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာအုပ်စု မှော်ရှန်ရပ်ကွက်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီလောက်က စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် အသက်မပြည်သေးတဲ့ ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထိမှန်ခဲ့တဲ့အပြင် အသက် ၉ နှစ်အရွယ်ခန့် ကလေးတစ်ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“တစ်ယောက်က ပွဲချင်းပြီးဆုံးတယ်။ အသက်ငယ်သေးတယ် အသက် ၁၂ နှစ်အောက်ဖြစ်မယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

စစ်ကော်မရှင်တပ်က ဒီကနေ့ ဆန်းကြွယ်ကျေးရွာကို ထိန်းချုပ်ပြီးနောက် ဆိုင်းတောင်၊ မှော်ရှန်၊ လန၊ ဆိုင်းဂျာဘွမ်ဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖားကန့် စစ်ကော်မရှင်တပ်မကုန်းကနေ မနက်အစောပိုင်း ၅ နာရီလောက်ကစပြီး လက်နက်ကြီးနဲ့ တစ်နေ့ကုန် ပစ်ခတ်နေတာဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့်ဒေသကို စစ်ကော်မရှင်စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန်ကစပြီး ဖားကန့်စစ်ကော်မရှင် တပ်မကုန်းကနေ လက်နက်ကြီး၊ဒရုန်းတွေနဲ့ အနီးဝန်းကျင်တွေကို မကြာခဏ ပစ်ခတ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က ဆန်းကြွယ်ကျေးရွာနဲ့ မှော်တောင်းကျေးရွာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းတွေ ထိုးလာတဲ့အတွက် KIA/KPDFပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းတွေ ဖားကန့်မြို့ပေါ်အထိ လှုပ်ရှားသွားလာနေကြပြီး ကချင်လွတ်လပ်ရေး တပ်မတော်(KIA)/KPDFပူးပေါင်းတပ်တို့နဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားနေပါတယ်။

March 2, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသက တက္ကသိုလ်ဝင်တန်း(၁၂ တန်း) စာမေးပွဲသွားဖြေဆိုရမယ့်...
February 27, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ထိန်းချုပ်နယ်မြေအတွင်းက နေရာ ၂၄ နေရာကို စစ်ကော်မရှင်က ၄...
February 26, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသ မော်ဝမ်းကလေးကျေးရွာကနေ စစ်ဘေးရှောင်နေတဲ့ အသက် ၁၆ နှစ်အရွယ်...
February 25, 2026
ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမယ့် မတ်လ ၂၀ ရက်နေ့မှာ စလုပ်မယ်လို့ စစ်ကော်မရှင်ရဲ့...