စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် ဒီးမော့ဆိုမှာ အရပ်သား ၃ ဦး ထိခိုက်သေဆုံး၊ ၃ ဦး ဒဏ်ရာရ

စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် ဒီးမော့ဆိုမှာ အရပ်သား ၃ ဦး ထိခိုက်သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မနေ့က စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်မှာ စစ်ကော်မရှင်တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆိုမြို့နယ်အတွင်း တနေရာကို ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ဦး ထိခိုက်သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“မနေ့ညက ၁၀ နာရီခွဲလောက်မှာ ပစ်တာ။ သူတို့နေတဲ့ အိမ်ပေါ်ကို ကျတာ။ တမိသားစုလုံး ထိသွားတယ်လေ။ အဖွားနဲ့ လင်မယားက ဆုံးသွားတယ်။ ကလေးတွေလဲ ထိခိုက်ထားတယ်လေ။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ထိခိုက်သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရရှိသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပါတယ်။ အဆိုပါ မိသားစုဝင်တွေ နေထိုင်တဲ့နေရာဟာ အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ဖူးတဲ့ နေရာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေ ရှိရာနေရာတွေကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်လာပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာလည်း ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက အရပ်သားရှိရာနေရာတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး စစ်ဘေးရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...