စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် ဒီးမော့ဆိုမှာ အရပ်သား ၃ ဦး ထိခိုက်သေဆုံး၊ ၃ ဦး ဒဏ်ရာရ

စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် ဒီးမော့ဆိုမှာ အရပ်သား ၃ ဦး ထိခိုက်သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မနေ့က စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်မှာ စစ်ကော်မရှင်တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆိုမြို့နယ်အတွင်း တနေရာကို ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ဦး ထိခိုက်သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“မနေ့ညက ၁၀ နာရီခွဲလောက်မှာ ပစ်တာ။ သူတို့နေတဲ့ အိမ်ပေါ်ကို ကျတာ။ တမိသားစုလုံး ထိသွားတယ်လေ။ အဖွားနဲ့ လင်မယားက ဆုံးသွားတယ်။ ကလေးတွေလဲ ထိခိုက်ထားတယ်လေ။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ထိခိုက်သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရရှိသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပါတယ်။ အဆိုပါ မိသားစုဝင်တွေ နေထိုင်တဲ့နေရာဟာ အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ဖူးတဲ့ နေရာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေ ရှိရာနေရာတွေကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်လာပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာလည်း ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက အရပ်သားရှိရာနေရာတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး စစ်ဘေးရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...