သီပေါရောက်စစ်ဘေးရှောင် ရိက္ခာပြတ်လပ်လာနိုင်

သီပေါရောက်စစ်ဘေးရှောင် ရိက္ခာပြတ်လပ်လာနိုင်
Photo credit - Shar Htet Paing
Photo credit - Shar Htet Paing

သျှမ်းပြည် သီပေါမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စားနိပ်ရိက္ခာ ပြတ်လပ်လာပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ သီပေါမြို့တွင် ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၀၀၀ ကျော်တွင် ထမင်းစားရန် တစ်မိသားစုလျှင် ဆန်နို့ဆီဗူး ၄/၅ ဗူးသာ ကျန်ရှိတော့ကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးကတော့ အလှူရှင်တွေလည်း နည်းပါးလာပြီး မရှိတော့ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အလှူရှင်တွေလည်း သိပ်မရှိတော့ဘူး၊ အခု စစ်ဘေးရှောင်တွေမှာလည်း ရိက္ခာတွေ ကုန်ခါနီးနေပြီ။ အလှူရှင်လည်း နည်းလာတယ်။ စစ်ဘေးရှောင်တွေကလည်း စုပေါင်းပြီး ချက်စားကြတာ မဟုတ်ဘူး။ အခုတစ်ချို့ အိမ်ထောင်စုဆိုရင် ဆန်က နို့ဆီဗူး ၄/၅ ဗူးလောက်ပဲ ကျန်တော့တယ်။ မိသားစုကြီးရင်တော့ ၁ ရက်စာလောက်ပဲ ရတော့တယ်” ဟု သီပေါမြို့ရောက် စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

သီပေါမြို့တွင် စစ်ဘေးရှောင်စုစုပေါင်း ၂၀၀၀ ကျော် ရှိနေကြောင်း သိရပြီး ယခုကဲ့သို့ ရိက္ခာ ပြတ်လပ်လာခြင်းကြောင့် စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက်ကြုံရာကျပန်း အလုပ်ကို ရှာဖွေလုပ်ကိုင်နေရကြောင်း သိရသည်။

“တချို့ကလည်း အလုပ်သွားလုပ်တာတွေ ရှိတယ်၊ ကြုံရာသွားလုပ်ကြတာပေါ့။ အလှူရှင်တွေ မရှိတော့ဘူးဆိုရင်လည်း ကြည့်ကြပ်ပြီး ရှာကြံစားရမှာပေါ့” ဟု အထက်ပါ စစ်ဘေးရှောင် ကူညီပေးနေသူက ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် အလှူရှင်ကိုသာ အဓိက အားကိုးနေကြရပြီး အများစုမှာ သီပေါမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ကျောက်မဲ၊ နောင်ချိုဘက်မှ ဒေသခံများဖြစ်ကြသည်။

စစ်ကော်မရှင်နှင့် TNLA တို့၏ နယ်မြေပဋိပက္ခကြောင့် တိုက်ပွဲနှင့်အတူ စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ အများအပြား သေဆုံးသွားခဲ့ကြရပြီး နေရပ်ကို စွန့်ခွာခဲ့ကြရသည်။

ထိုအပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ခရီးစဉ်မှပြန်လာပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့နယ်ထဲ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲချ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့တွင်လည်း စစ်ကော်မရှင်နှင့် TNLA တို့ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း မအောင်မြင်ခဲ့ဘဲ စက်တင်ဘာလ အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - Crd
August 25, 2026
ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ...
ဓာတ်ပုံ - Crd (ပင်းပက်သံမဏိစက်ရုံနေရာပုံ)
August 25, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို...
ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
August 24, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/...