ကျောက်ဖြူတွင်အမျိုးသမီးများအပါအဝင် ၂၃ ဦးကို စစ်ရေယာဉ်မှဖမ်းဆီး

ကျောက်ဖြူတွင်အမျိုးသမီးများအပါအဝင် ၂၃ ဦးကို စစ်ရေယာဉ်မှဖမ်းဆီး

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်မှ နယ်ဖက်သွားသည့် စက်လှေများပေါ်မှ အမျိုးသမီးများအပါအဝင်၂၃ ဦးကို အကြမ်းဖက်စစ်တပ်၏စစ်ရေယာဉ်တစ်စီးမှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်တစ်ဦးက “ပွဲစားတွေက နယ်ဖက်ကမ်းကို ပို့တာ။ ပွဲစားက စက်လှေပေါ်မှာ မပါဘူး။ စက်လှေကနှစ်စီး။ နှစ်စီးပေါ်မှာ လူ ၂၃ ယောက်ပါတယ်။ မိန်းကလေးရော ယောက်ျားရော အကုန်လုံးက လူငယ်ပိုင်းတွေ။ ကျောက်ဖြူမြစ်ဝမှာ ကင်းလှည့်နေတဲ့ နေဗီကနေ ဖမ်းသွားတာ” ဟု နိရဉ္စရာကိုပြောသည်။

စက်တင်ဘာ ၇ရက်နေ့ ည နေပိုင်းက ကျောက်ဖြူမြစ်ဝပေါ်တွင်ကင်းလှည့်နေသည့်နေဗီမှ ဖမ်းဆီးသွားပြီးလက်ရှိ ဖမ်းဆီးခံရသူများကို  ကျောက်ဖြူမြို့မရဲစခန်းသို့ ပို့ဆောင်ထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အစကတော့ နေဗီကစစ်သား တွေဖမ်းတာ‌။ နေဗီလက်ထဲကနေ ရဲတွေကို လက်လွှဲပေးလိုက်လို့ မြို့မရဲစခန်းကို ရောက်နေကြပြီ။ သူတို့တွေကို ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးမယ်လို့တော့ ထင်တယ်။ ဒါပေမယ့် အတိအကျတော့ မသိဘူး။ အရင်လည်း ဒဏ်ငွေဆောင်ပြီး ပြန်လွှတ်ပေးတာမျိုးရှိတော့ ခန့်မှန်းကြည့်တာပါ" ဟုပြောသည်။

ပွဲစားများမှ လူကုန်ကူးရာတွင် မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်မှ သက်ဆိုင်ရာတချို့နှင့် ပူးပေါင်းပြီး လုပ်စားနေကြသော်လည်း ရေတပ်နေဗီပေါ်မှ ခွင့်မပြုထားသည့်အတွက် ဖမ်း‌ဆီးခြင်းဖြစ်နိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

“ပွဲစားတွေက မြို့ပေါ်ကစကစ တချို့နဲ့ပဲ ပိုင်တာ။ ရေပြင်မှာကျတော့ သူတို့မရဘူးလေ။ ကုန်းပေါ်ကလွတ်ရင် ရေပြင်က ဖမ်းတဲ့သဘော။ ဒုက္ခရောက်တာက ပြည်သူတွေ ပွဲစားတွေက လွတ်နေတယ်" ဟု ပြောသည်။

အဆိုပါစက်လှေများဖြင့် လူကုန်ကူးနေသည့် ပွဲစားများမှာ ထွက်ပြေးနေပြီး အကြမ်းဖက်စစ်တပ်၏ စရဖအပါအဝင် သက်ဆိုင်ရာများက လိုက်ရှာနေသည့်သတင်းများလည်း ထွက်ပေါ်နေသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...