အာဏာပိုင်တွေရဲ့ ရိုက်နှက်နှိပ်စက်မှုကြောင့် ဘားအံအကျဉ်းထောင်က နိုင်/ကျဉ်းတစ်ဦး သေဆုံး

အာဏာပိုင်တွေရဲ့ ရိုက်နှက်နှိပ်စက်မှုကြောင့် ဘားအံအကျဉ်းထောင်က နိုင်/ကျဉ်းတစ်ဦး သေဆုံး

ဘားအံအကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ ယောက်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတစ်ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ဘားအံအကျဉ်းထောင်မှာရှိတဲ့ ကြိုးကြာဆောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ ယောက်ကို ထောင်အာဏာပိုင်တွေက အဓမ္မခေါ်ယူ ရိုက်နှက်ပြီးတော့ ခြေကျင်းခတ်ကာ ၃ လ တိုက်ပိတ် ပစ်ဒဏ်ပေးခဲ့တာ ဖြစ်တယ်လို့ PPNM က ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၃ ရက်နေ့က တိုက်ပိတ်တဲ့နေရာအတွင်းကို ဝင်ရောက်ရိုက်နှက်တဲ့အပြင် ညှင်းပန်းနှိပ်စက် တာတွေ လုပ်ဆောင်ခဲ့တာကြောင့် တိုက်ပိတ်ခံထားရတဲ့ ၁၂ ယောက်ထဲက ကိုဉာဏ်မင်းထွန်း သေဆုံးခဲ့ရတာလို့ PPNM က အသိပေးထားတာပါ။

“ခြေကျင်းခတ်ပြီး ရိုက်နှက်နှိပ်စက်ပြီးမှ တိုက်ထဲပို့ခဲ့တာ။ ကိုဉာဏ်မင်းထွန်း သေဆုံးခဲ့တာဟာ တိုက်ထဲထိ ဝင်ရိုက်တာ။ ကျန်တဲ့ ၁၁ ယောက်ကိုလည်း ဘားအံထောင်ထဲက သတင်းထွက်တာနဲ့ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။” လို့ PPNM ရဲ့ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။

ထောင်အာဏာပိုင်တွေဟာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကိုဇော်ဝင်းအောင်(ခ) ကိုဂျက်ကိုလည်း တစ်လကျော်လောက် နေ့စဉ်အပြင်ခေါ်ထုတ် ရိုက်နှက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ PPNM က ဆိုပါတယ်။

ဘားအံထောင်က အရာရှိ အောင်ရဲနိုင် (ခ) ရခိုင် (နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၁၁/စတန(နိုင်)၀၆၉၃၉၃) ဟာ သစ်သားတုတ်မှာ နိုင်/ကျဉ်းတွေရဲ့ နာမည်ကိုရေးပြီး ရိုက်နှက်ဖို့ စီစဉ်ခဲ့သလို သတင်းတွေ ပြင်ပကို

ပေါက်ကြားခဲ့ရင် တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပြီး PPNM က သက်သေတွေနဲ့တကွ အတည်ပြုနိုင်ခဲ့ကြောင်း စက်တင်ဘာလ ၈ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ထားပါတယ်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...