ဘုတလင် စစ်ကော်မရှပ်တပ်ဖွဲ့က အမျိုးသမီး ၂ ဦးကို သတ်ပြီး ရွာများကို မီးရှို့

ဘုတလင် စစ်ကော်မရှပ်တပ်ဖွဲ့က အမျိုးသမီး ၂ ဦးကို သတ်ပြီး ရွာများကို မီးရှို့

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် စစ်ကော်မရှင်တပ်စစ်ကြောင်းက စက်တင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့ အထိ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ အမျိုးသမီး နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများထံမှ စုံစမ်းသိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ဘုတလင်မြို့ပေါ်မှ ကားသုံးစီးဖြင့် ထွက်လာသည့် စစ်ကော်မရှင်တပ်သည် ရှမ်းတဲကျေးရွာသို့ နှစ်စီး ဝင်ရောက်သွားပြီးနောက် အမျိုးသမီး နှစ်ဦးကို ပစ်ခတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသူ တော်လှန်ရေး ရဲဘော်တဦးက ပြောသည်။

၎င်းက “ရှမ်းတဲရွာ ရဲ့ မြောက်ဖက် အနီးမှာ တောင်ယာလုပ် မြေပဲနှုတ်နေသည့် အမျိုးသမီး နှစ်ဦးကို ပစ်သတ် သွားတာ” ဟု ပြောသည်။

ဘုတလင်မြို့ ပေါ် ရှိ စစ်ကော်မရှင်တပ်ဖွဲ့ သည် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာမြို့ အနီးနားတဝိုက်တွင် ရှိသည့် ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး မီးရှို့မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ERST ကော်မတီမှ ကိုကြယ်နီက ပြောသည်။

၎င်းက “ဘုတလင်မြို့ပတ်ဝန်းကျင် စစ်ကြောင်း နှစ်ကြောင်း သုံးကြောင်း ခွဲ ပြီး ထွက်တယ်၊ ပြီးတော့ ရွာတွေကို မီးရှို့တယ်၊ ပစ္စည်းတွေယူတာတွေလုပ်နေတယ်” ဟု ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အတွင်း ဘုတလင်မြို့နှင့် အနီးဝန်းကျင်ရှိ

ကျေးရွာများဖြစ်သည့် ရွှေတောင်၊ ထန်းတော၊ ကန်သာ၊ ကုန်းသာ၊ ထူးကြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းကျေး ရွာများမှ နေအိမ်များ ပျက်စီးမှု အသေးစိတ် အခြေအနေကိုတော့ မသိရသေးကြောင်း ကိုကြယ်နီက ဆိုသည်။

ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင်လည်း စစ်ကော်မရှင်တပ်စစ်ကြောင်းသည် ဘုတလင်မြို့နှင့် ကပ်လျက်တွင်ရှိသည့် သပြေပင်ကျေးရွာအတွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။

ယခုကာလသည် ဒေသခံပြည်သူများ ကောက်ရိတ်သိမ်းချိန် မြေပဲနှုတ်ချိန် ကာလဖြစ်ပြီး စစ်ကြောင်းထိုးမှုများ ရှိလာနေသည့်အတွက် လုပ်ငန်းခွင် မဝင်ရောက်နိုင်ဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...