မိုးဗြဲမှာ ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေ

မိုးဗြဲမှာ ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေ

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေ နေ့စဉ် ရှိနေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) သိမ်းငှက်တပ်ခွဲရဲ့ တပ်ခွဲမှူး က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“နေ့စဉ်တိုက်ပွဲ ဖြစ်နေတာကတော့ အရင်ကတည်းကပါ။ ငြိမ်နေတယ်ဆိုတာ မရှိပါဘူး။ တိုက်ပွဲ အသေးနဲ့ အကြီးပဲ ရှိတာပါ။ စစ်ကောင်စီဖက်လည်း အထိအခိုက်ရှိပါတယ်။ တိုက်ပွဲမှာလည်း စစ်ကောင်စီတွေ သေတာလည်း ရှိပါတယ်။ ” လို့ မိုးဗြဲ PDF သိမ်းငှက်တပ်ခွဲရဲ့ တပ်ခွဲမှူးက ပြောပါတယ်။

တိုက်ပွဲ နေ့စဥ်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့မှာ တိုက်ပွဲ ပိုမိုပြင်းထန်ကာ မိုးဗြဲ PDF သိမ်းငှက် တပ်ခွဲက တပ်စုမှူး တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ အဆိုပါ တပ်ခွဲမှူးက အခုလို ဆက်ပြောပါတယ်။

“အနည်းနဲ့ အများတော့ ရက်တိုင်းလိုလို ဖြစ်ပါတယ်။ ဒါပေမယ့် ၃၁ ရက်နေ့က ပိုပြင်းထန်တာပေါ့။ တပ်စုမှူး တစ်ဦးကျသွားတာ စက်တော်ရာမှာပေါ့။“ လို့ သူက ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ဟာ NUG လက်အောက်ခံ 1001 တပ်ရင်း၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၊MBPDF၊ သိမ်းငှက်တပ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်စုမှူး မောင်နိုင်ထွန်း ဖြစ်ပြီး စျာပနကိုတော့ မိုးဗြဲမြို့ တနေရာမှာ မိသားစု၊ ဆွေမျိုးတွေနဲ့ အတူ ပြုလုပ်ပေးခဲ့တယ်လို့ မနေ့က စက်တင်ဘာလ ၂ ရက်နေ့မှာ မိုးဗြဲ PDF သိမ်းငှက်တပ်ခွဲက အသိပေးထုတ်ပြန်ထားပါတယ်။

အလားတူ မိုးဗြဲ PDF (၁၀၀၁) တပ်ခွဲ(၃) ၊ ကျွဲချိုတပ်ခွဲက ရဲဘော်တစ်ဦးကလည်း ဩဂုတ်လ ၃၁ ရက်နေ့မှာပဲ မိုးဗြဲမြို့ စက်တော်ရာ တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။

မိုးဗြဲမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ စစ်ကော်မရှင်တပ်တွေက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မြေပြင်မှာတော့ နှစ်ဖက်တိုက်ပွဲ နေ့စဥ်နဲ့အမျှ ရှိနေဆဲ ဖြစ်တာကြောင့် လိုအပ်ချက်တွေအတွက် ဆက်လက် ပါဝင်ပံ့ပိုးပေးကြဖို့ကိုလည်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားတာရှိပါတယ်။

May 27, 2026
ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်နာကျင့်သုံးဖို့ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းခြင်း...
May 26, 2026
ကရင်နီပြည် လွိုင်ကော် မြို့နယ် အရှေ့ဘက်ခြမ်းက တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေသတွင်းက...
May 25, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ၁၂ တန်းပြီးမြောက်သွားတဲ့ ကလေးတွေရဲ့...
May 23, 2026
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက...