စစ်ရေးအခြေအနေတွေကြောင့် ဖားကန့်မြို့ပေါ်ကျောင်းအချို့ ယာယီပိတ်ထားရ

စစ်ရေးအခြေအနေတွေကြောင့် ဖားကန့်မြို့ပေါ်ကျောင်းအချို့ ယာယီပိတ်ထားရ

စစ်ရေးအခြေအနေတွေကြောင့် ဖားကန့်မြို့ပေါ်က အခြေခံပညာကျောင်းအချို့ ယာယီပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး တစ်ပတ်ခန့်ပိတ်မယ်လို့ ထုတ်ပြန်ထားပြီးတော့ ကျောင်းတွေ ပိတ်ထားကြပြီလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျောင်းက အကုန်ပိတ်ပြီး အစိုးရအထက်ကျောင်းတွေ။ လတ်တလော စစ်ရေးအခြေအနေကြောင့်ဆိုပြီး ယာယီပိတ်ထားတယ်လို့ ထုတ်ပြန်ထားတယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဖားကန့် အထက်တန်းကျောင်းနဲ့ ကြက်တစ်ကောင်ကုန်း အလယ်တန်းကျောင်းနဲ့ အချို့အစိုးရကျောင်းတွေအပြင် ဘာသာရေးက ဖွင့်ထားတဲ့ကျောင်းအချို့လည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဖားကန့်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မရှီကထောင်ရပ်ကွက်ဘက်ကို စစ်ကော်မရှင် စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ပြောင်းရွေ့သွားတဲ့ ဒေသခံအချို့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“မရှီကထောင်က ရေအေးချောင်းရပ်ကွက်ထဲတော့ ရွှေ့ခိုင်းတယ်ကြားတယ်။” လို့လည်း ဖားကန်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရေးအခြေအနေနဲ့ စစ်ကော်မရှင်တပ်သားတွေ ဝင်ရောက်လာတာကြောင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ဘက်က ရေအေးချောင်းဘက်က ဒေသခံတွေကို တိမ်းရှောင်ခိုင်းတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပြီး အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဖားကန့်ဒေသကို ပြီးခဲ့တဲ့ မေလအကုန်က စစ်ကော်မရှင်စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန်ကစပြီး တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတာပါ။

စစ်ကော်မရှင်ဟာ ဖားကန့်ကျောက်စိမ်းတွင်းဒေသကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေထိုး တိုက်ခိုက်နေတာဖြစ်ပြီး KIA၊KPDF ပူးပေါင်းတပ်ဖွဲ့တွေကလည်း ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Most read this week

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...