ကလေးမြို့မှာ သြဂုတ်လအလယ်ကစပြီး စစ်မှုထမ်းခိုင်းဖို့ အမျိုးသား အယောက် ၅၀ ကျော် ဖမ်းဆီးသွားပြီလို့ ဒေသခံ တွေကဆို

ကလေးမြို့မှာ သြဂုတ်လအလယ်ကစပြီး စစ်မှုထမ်းခိုင်းဖို့ အမျိုးသား အယောက် ၅၀ ကျော် ဖမ်းဆီးသွားပြီလို့ ဒေသခံ တွေကဆို

သြဂုတ်လလယ်ကစပြီး ကလေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ ချမ်းမြေ့အောင်စည်၊ ပင်လုံ၊ အောင်သစ္စာနဲ့ သဇင်ရပ်ကွက်တွေမှာ ပျူစောထီးနဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းပြီး စစ်မှုထမ်းခိုင်းဖို့ အမျိုးသားတွေကို ဖမ်းဆီးတာတွေ လုပ်နေကာ သြဂုတ်လ ၁၇ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်အတွင်း အနည်းဆုံး အမျိုးသား အယောက် ၅၀ ကျော် ဖမ်းဆီးသွားပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ကလေးမြို့ဒေသခံ တစ်ဦးက “မြို့ပေါ်နေတဲ့ ပျူစောထီးနဲ့ရဲတွေက အဓိက လူလိုက်ဆွဲတာ စစ်တပ်က မပါဘူးဆိုပေမယ့် တစ်ခါလေ လုံခြုံရေးယူပေးတာတို့ပါတယ် စခန်းကြီးနားက လေ့ကျင့်ရေး (၁၀) အဲဒီကိုပို့တယ် ဒကစ၊ စုပေါင်းရုံးတွေမှာအရင်ထားပြီးဆေးတွေစစ် အဲဒါပြီးရင် လေ့ကျင့်ရေး ၁၀ ကိုပို့ နေ့တိုင်းလိုလို လူရရင်ရသလို ဖမ်းနေတာဘဲ ဒီနေ့တောင်မှတစ်ရက်တည်း ၈ ယောက်လောက်အနည်းဆုံးပါသွားတာတွေ့တယ်” လို့ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) နဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးတို့မှာ ချုပ်နှောင်ထားတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်သားစုဆောင်းတာတွေ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေက နေ့တိုင်းလိုလို ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒီရက်ပိုင်းအတွင်း အမျိုးသားအဖမ်းဆီးခံရတဲ့ အရေအတွက် များနိုင်တယ်လို့လည်း ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရသူတစ်ဦးဆိုလျှင် မိသားစုက ပြန်ရွေးဖို့ လုပ်တဲ့ချိန် စစ်ကောင်စီဘက်က ပိုက်ဆံသိန်း ၅၀ တောင်းသလို သူ့အတွက် အစားထိုး လူတစ်ယောက်ပါ ပေးရမှာဖြစ်တယ်လို့ မိသားစုဝင်တွေကို စစ်ကောင်စီက ပြောတဲ့ကြောင်းလည်း သတင်းဌာနတချို့ ဖော်ပြချက်အရ သိရပါတယ်။

အတင်းအဓ္ဓမ စစ်သားစုဆောင်းခံရသူတွေကို စစ်ကောင်စီက ကလေး - တမူး ( အာရှလမ်းမကြီး) ဘေးမှာရှိတဲ့ စခန်းကြီးကျေးရွာ အနီးနားမှာရှိတဲ့ စစ်တပ်ရဲ့လေ့ကျင့်ရေး - ၁၀ ကို ပို့ဆောင်ကာ ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့် တိုက်ခိုက်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ မကြာခင်ဖွင့်လှစ်မယ့် ပြည်သူ့ စစ်မှုထမ်း သင်တန်းအပတ်စဉ် ၁၆ အတွက်သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်မှုထမ်းခိုင်းဖို့လူငယ်တွေကို လိုက်လံ ဖမ်းဆီးစု ဆောင်းနေတာတွေ လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...