လွိုင်ကော်မြို့တွင်းက ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် မြို့ခံတချို့ ရွှေ့ပြောင်းရ

လွိုင်ကော်မြို့တွင်းက ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် မြို့ခံတချို့ ရွှေ့ပြောင်းရ
Photo - CJ
Photo - CJ

လွိုင်ကော်မြို့တွင်းက ဘီလူးချောင်းရေမြှင့်တက်လာမှုကြောင့် ဘီလူးချောင်းအနီးအနားက ရပ်ကွက်နေ လူထုတွေဟာ ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်ကစလို့ လွိုင်ကော်မြို့တွင်း ဘီလူးချောင်းအနီးအနားက နမ့်ကွက်၊ ဒေါနိုးကူး၊ ရွှေတောင် ရပ်ကွက်နဲ့ ရေဝပ်နိုင်တဲ့ နေရာတွေမှာ ရေမြှင့်တက်နေတယ်လို့ ဆိုပါတယ်။

“နမ့်ကွက်(ရပ်ကွက်) က လူတွေတော့ ဧက ၅၀၀(ရပ်ကွက်) ဖက် ကို ပြောင်းနေကြပြီ။ မနှစ်ကလောက် မကြီးသေးပေမယ့် သွားလာရတာတော့ အဆင်မပြေတော့ဘူး အဲ့ဖက်က။”လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့က “KAJIKI”အပူပိုင်း မုန်တိုင်းဖြတ်သန်းမှုရဲ့ အကျိုးဆက် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ရေကြီးရေလျှံမှုတွေဟာ မိုးဗြဲရေလှောင်တမံအတွင်းသို့စီးဆင်းပြီး၊ မိုးဗြဲရေကာတာကနေတဆင့် ရေဖောက်ချမှုကြောင့် ဘီလူးချောင်း ရေမြှင့်တက်လာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အင်းလေးရေ ကြီးရင်တော့ ဒီဖက်လည်း ကြီးမှာပဲ။ ဒါပေမဲ့ ရေပိုစီး ဖို့ မနှစ်က ပြင်လိုက်တော့ မနှစ်ကလောက်

တော့ မကြီးနိုင်လောက်ဘူး။ ဒါပေမဲ့ ကရုစိုက်ပြီး ပြင်ဆင်ထားတာတော့လည်း မမှားဘူးပေါ့”လို့ ပရဟိတ ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

ရေကြီးမှု ကြုံတွေ့ရတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေးဆောင်ရွက်မှု မရှိသေးပေမယ့် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့မှာတော့ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလကလည်း မြို့ပေါ်ရပ်ကွက်က ရွှေတောင်၊ မင်းစု၊ ရှမ်းပိုင်း၊ ဒေါနိုးကူး၊ နမ့်ကွတ် ရပ်ကွက်က လူထုတွေဟာ ဘီလူးချောင်းရေမြှင့်တက်မှုကြောင့် ရေဘေးသင့်မှု ဒဏ်ကို ကြုံတွေ့ခဲ့ရပါတယ်။

Most read this week

January 23, 2026
ကရင်နီပြည်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် သုံးခုမှာ အမည်စာရင်းတင်သွင်းထားတဲ့ ရွေးကောက်ခံ...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 22, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
January 20, 2026
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို...