KNU ကို အကြမ်းဖက်အဖွဲ့အစည်းဟု စစ်ကော်မရှင်က ကြေညာသည့်အပေါ် “သူခိုးက လူပြန်ဟစ်’ ဟု KNU တုံ့ပြန်

KNU ကို အကြမ်းဖက်အဖွဲ့အစည်းဟု စစ်ကော်မရှင်က ကြေညာသည့်အပေါ် “သူခိုးက လူပြန်ဟစ်’ ဟု KNU တုံ့ပြန်

ကရင်အမျိုးသားအစည်းအရုံးကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကော်မရှင်က ယမန်နေ့ (ဩဂုတ် ၂၈ ရက်)ညက ကြေညာလိုက်သည့်အပေါ် ” သူခိုးက လူပြန်ဟစ်” ဟု ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်လိုက်သည်။

“သူတို့ပြောနေကြစကားကို ပြောနေတာပဲ။ မိုးလုံးပြည့် မုသာဝါဒတွေလျှောက်ပြောပြီးတော့ သူတို့ကိုယ်တိုင် လုပ်နေတဲ့ ဟာတွေကို လျှောက်ပြောနေတာ။ သူခိုးက လူပြန်ဟစ်နေတာ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

KNU ကို မတရားအသင်းအဖြစ် ကြေညာကြောင်း စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်မှတ်ရေးထိုး ထုတ်ပြန်သည်။

“အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop ဗုံးများချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော်အတွင်း အခြေပြု၍ အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိပါသည်” ဟု ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

စစ်အုပ်စုက အာရက္ခတပ်တော် (ULA/AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ် (MNDAA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) တို့ကိုလည်း အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည်။

AA ကို ၂၀၂၀ မတ်လ ၂၃ ရက်နေ့တွင်လည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးမှ ၂၀၂၁ မတ် ၁၁ ရက်တွင် ထိုအမိန့်ကို ပယ်ဖျက်ခဲ့သည်။ သို့သော် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်တွင် AA အပါအဝင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်များ၌ နယ်မြေများလက်လွတ်ဆုံးရှုံးလာရသည့်အခါ AA အပါအဝင် ညီနောင်သုံးဖော်ကို အကြမ်းဖက်အဖြစ် ၂၀၂၄ စက်တင်ဘာ ၂ ရက်နေ့တွင် ပြန်လည်ကြေညာသည်။

စစ်အုပ်စု၏ အကြမ်းဖက်အဖွဲ့ကြေညာခြင်းကြောင့် ထူးခြားပြောင်းလဲမှုမှာ သိသိသာသာမရှိလှပါ။ လက်ရှိတွင် ၎င်းတို့ အကြမ်းဖက်ဟု ကြေညာထားသည့် TNLA နှင့် ကူမင်းတွင် ဆွေးနွေးမှုလုပ်ဆောင်လျက်ရှိသည်။

February 13, 2026
စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင်...
February 12, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံအရပ်သားလေးဦးအား...
ဒီမောဆိုမြို့ တနေရာရှိ ဘိန်းခင်းကို KNDF တပ်ဖွဲ့ဝင်များ ဖျက်ဆီးနေကြပုံ။ (Moe Nyo Facebook)
February 11, 2026
ဂျူချန်း — ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တနေရာရှိ ဘိန်းခင်းများကို...
February 10, 2026
မောင်ခက်နွေ — မြန်မာ့နွေဦးတော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ရန်နှင့် အောင်ပွဲရရှိရန်အတွက်...