လမြန်-မုတ်ကြိတ်လမ်းတစ်လျှောက်ကို စစ်ကော်မရှင်က သံချပ်ကာကားအပြင် မြေပြင်အင်အားအလုံးအရင်း အသုံးပြု ထိုးစစ်ဆင်

လမြန်-မုတ်ကြိတ်လမ်းတစ်လျှောက်ကို စစ်ကော်မရှင်က သံချပ်ကာကားအပြင် မြေပြင်အင်အားအလုံးအရင်း အသုံးပြု ထိုးစစ်ဆင်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ လမြန်-မုတ်ကြိတ်လမ်းတစ်လျှောက် စစ်ကော်မရှင်က မြေပြင်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

အဲဒီလမ်းတစ်လျှောက်မှာ ဒီရက်ပိုင်းထဲ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး မနေ့က ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ စစ်ကော်မရှင်ဘက်က မြေပြင် ထိုးစစ်ပြုလုပ်ရာမှာ သံချပ်ကာကားတွေပါ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခဲ့တာလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ဝိုင်းမော် လမြန်ဘက်မှာ မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာ ရှိတဲ့အတွက် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်။ မနေ့ကလည်း လမြန်က လော်ဝေါ်ဘုရားကျောင်းရှိတဲ့ဘက်မှာ တိုက်ပွဲ ဖြစ်တယ်။ သူတို့ဘက်က သံချပ်ကာကားတွေနဲ့ တက်လာပြီးပစ်တယ်။ ၊ မုတ်ကြိတ်ဘက်က ဘုရားကျောင်းတွေလည်း ထိတယ်။ အဲဒီဘက်မှာ နေ့တိုင်းတိုက်ပွဲဖြစ်ပြီး ပြင်းထန်လာတဲ့ အခြေအနေ ရှိနေတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။

ဝါရှောင်လမ်းဘက်ကို ဝိုင်းမော်မြို့ကနေ မနေ့ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ကူနေတာ ဒီနေ့အထိ ဖြစ်ကြောင်း ဝိုင်းမော်မြို့ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“မနေ့ကတည်းက မြည်နေတာ။ သူတို့(စစ်ကော်မရှင်) လက်နက်ကြီးပစ်တာ ဟုတ်တယ်။ ဝူယန်မှာ သူတို့ချင်း အရမ်းနီးကပ်ကြတော့ ပစ်ခတ်ကြတာ ဖြစ်မယ်။” လို့ ဆိုပါတယ်။

မနှစ်က မတ်လ ၇ ရက်နေ့ ကစတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်မှာ ဝိုင်းမော်-လိုင်ဇာလမ်းနဲ့ ဝိုင်းမော်- ကန်ပိုက်တီ လမ်းတွေကို KIA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကော်မရှင်တပ်ဟာ ဝိုင်းမော်- ကန်ပိုက်တီလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အမြဲတမ်းလိုလို ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲတွေကြောင့် အထက်ပါလမ်းပေါ်မှာနေထိုင်တဲ့ ကျေးရွာနေပြည်သူတွေဟာ ဗလမင်းတံတားအထက်ပိုင်း နောင်းချိန်းကျေးရွာအုပ်စုဘက်က ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

Most read this week

January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...
January 15, 2026
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကော်မရှင်တို့ကြား မနေ့က...
January 14, 2026
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၇ ရွာက တိုက်ပွဲရှောင်ဒေသခံပြည်သူတွေဟာ...