မြောက်ဦးမြို့ဗုံးကြဲခံရမှု ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး၍ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

မြောက်ဦးမြို့ဗုံးကြဲခံရမှု ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး၍ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

ရခိုင်ပြည်၊ မြောက်ဦးမြို့ကို အကြမ်းဖက်မြန်မာလေတပ်က ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထပ်မံသေဆုံးသွားခဲ့သည့်အတွက် သေဆုံးသူစုစုပေါင်း ၁၄ ဦးအထိ ရှိလာကြောင်း သိရှိရသည်။

ထပ်မံသေဆုံးသွားသူနှစ်ဦးမှာ အသက် (၅) နှစ်အရွယ် မောင်အောင်အောင်နှင့် အသက် (၃၀)ကျော်အရွယ် ဒေါ်အေးစန္ဒာတို့ ဖြစ်ကြကြောင်း သိရသည်။

ဒေါ်စန္ဒာအေးသည် ယမန်နေ့ သြဂုတ်လ ၂၆ ရက်၊ နေ့လယ် ၂ နာရီတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပြီး ညနေ ၅ နာရီကျော်တွင် မောင်အောင်အောင်ပါ ထပ်မံသေဆုံးသွားခဲ့သည်ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

“အမျိုးသမီးက နှစ်နာရီလောက်မှာသေတယ်။ ကလေးငယ်ကတော့ ညနေ ၅ နာရီကျော်လောက်မှာ သေသွားခဲ့ပါတယ်။ နောက်ထပ် စိုးရိမ်ရတဲ့ လူနာတွေလည်း ရှိတယ်” ဟု ဆိုသည်။

ယခု သေဆုံးသွားခဲ့သည့် ဒေါ်အေးစန္ဒာ၏ အမျိုးသားမှာ ဗုံးကြဲခံရသည့်နေ့တွင်ပင် သေဆုံးသွားခဲ့ရပြီး သူမ၏ သားငယ်လေးတစ်ဦးသည်လည်း ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ဆေးကုသမှု ခံယူနေရသည်။

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်လေတပ်က ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံးနှစ်လုံးကြဲချခဲ့သည်။

ထိုသို့ ဗုံးကြဲချမှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များနှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ်ငါးဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၂)ဦး သေဆုံးသွားခဲ့ပြီး ၂ဝ ဦးဒဏ်ရာရခဲ့သည်ဟု အာရက္ခတပ်တော်(AA)က ယမန်နေ့ နေ့လယ်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ ထုတ်ပြန်ပြီးနောက် ယခု ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထပ်မံ သေဆုံးသွားကြခြင်း ဖြစ်သည်။

ထိုသို့ ဗုံးကြဲခံရမှုကြောင့် လူနေအိမ် ရှစ်လုံးလည်း ပျက်စီးသွားခဲ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...