ကျွန်းမြို့နယ်အတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ်များပျက်စီးမှုရှိ

ကျွန်းမြို့နယ်အတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ်များပျက်စီးမှုရှိ

ရခိုင်ပြည်၊ စစ်တွေမြို့ အခြေစိုက်တပ်ရင်းများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာမှာ ကျရောက်ပေါက်ကွဲသဖြင့်နေအိမ်များပျက်စီးသွားကြောင်း သိရသည်။ 

ယနေ့ဩဂုတ်လ ၂၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် လက်နက်ကြီးကျည်စထိမှန်ကာ ငှက်ကြီးကျွန်းမှ နေအိမ်တချို့ ပျက်စီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

“ရွာမှာက လူအများအစား မရှိကြတော့ပါဘူး။ အကုန်လုံး စစ်ဘေးရှောင်နေကြတယ်။ လူမရှိတဲ့ အိမ်တွေထိတာဖြစ်လို့ လူထိခိုက်တာတော့ မရှိဘူး။ အိမ်တွေတော့ ပျက်သွားတယ်။ အခု ကျမတို့လည်း ရွာက ထွက်ပြေးလာခဲ့ပြီ” ဟု ပြောသည်။ 

ငှက်ကြီးကျွန်းကျေးရွာမှာ လူထိခိုက်မှု မရှိခဲ့သော်လည်း လက်နက်ကြီးကျည်ထိမှန်၍ နေအိမ်တချို့ ပျက်စီးခဲ့သဖြင့် ကျေးရွာသားများမှာ ရွာကို စွန့်ခွာနေကြရသည်ဟု ဆိုသည်။

နောက်ထပ်ပုဏ္ဏားကျွန်းမြို့နယ်မှ ငှက်ကြီးကျွန်းကျေးရွာအပြင် တစ်ခြား ကျေးရွာတချို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသော်လည်း ရွာသားများ စစ်ဘေးတိမ်းရှောင်နေကြသည့် ရွာများဖြစ်၍ အတည်မပြုနိုင်ခြင်း မရှိသေးပါ။ 

စစ်တွေအခြေစိုက် အမှတ် (၁၂) ရဲတပ်ရင်း၊ အမြောက်တပ် (၃၇၃)၊ ခလရ (၂၀) နှင့်ခလရ(၂၃၂) အပါအဝင် စစ်တွေအနီးပတ်ဝန်းကျင်ရှိ ရေတပ်နေဗီများကလည်း AA ထိန်းချုပ်ထားသည့် ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်များကို ယနေ့ နေ့လယ်ပိုင်းမှ စတင်ကာ  လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အကြမ်းဖက်စစ်တပ်က ယနေ့ ဩဂုတ်လ ၂၆ ရက် တစ်ရက်တည်းတွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုခဲ့လုပ်ပြီး စစ်တွေမြို့နယ်နှင့် နီးစပ်သည့် မြို့နယ်များကိုလည်း စစ်တွေရှိ တပ်ရင်းများက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...