စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်တပ်ကိုအကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲသာဖြစ်ဟု KNU ပြော

စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်တပ်ကိုအကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲသာဖြစ်ဟု KNU ပြော

စစ်ကော်မရှင်က ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီကိုရွေးချယ်သည့် အတုအယောင် ရွေးကောက်ပွဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ပြောသည်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအပေါ် ယနေ့(ဩဂုတ်လ ၂၆ ရက်)တွင် ထုတ်ပြန်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သဘောထား ကြေငြာချက်၌ အထက်ပါအတိုင်း ပြောဆိုထားခြင်းဖြစ်သည်။

“ရွေးကောက်ပွဲကျင်းပရန်ကြိုးစားခြင်းသည် ASEAN ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် မျက်ကွယ်ပြုခြင်းဖြစ်ပြီး စစ်တပ်ကိုအကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ ဖြစ်သည့် အတုအယောင် ရွေးကောက်ပွဲသာဖြစ်ပြီး နိုင်ငံရေးပါတီများက အဆိုပါ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် အနာဂတ် ဒီမိုကရေစီစနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်စေမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်ဖြစ်ပြီး လက် ရှိ နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေမဟုတ်ကြောင်းနှင့် အဆိုပါ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်ပဋိပက္ခများ ပိုမိုပြင်းထန်လာစေမှာဖြစ်ပြီး ဒေသတွင်းမတည်မငြိမ်မှုများ ဆက်လည်ဖြစ်ပေါ်လာမည်ဟု KNU က ဆိုသည်။

ယင်းအပြင် အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မည့်အထွေထွေရွေးကောက်ပွဲသည် ဥပဒေကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူအားလုံးပါဝင်နိုင်သည့်အခြေအနေတွင် မရှိခြင်း၊ လိုသလိုအဖြေထုတ်နိုင်သည့် ရွေးကောက်ပွဲလုပ် ငန်းစဉ်များကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် အဆိုပါ ရွေးကောက်ပွဲကို လုံး၀ လက်ခံမည်မဟုတ်ကြောင်းကိုလည်း KNU က အသိပေးထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး နိုင်ငံရေးအဖြေကို ဦးတည်သည့် အားလုံးပါဝင်သောနိုင်ငံရေး တွေ့ဆုံမှုကရရှိသည့် သဘောတူညီမှုဖြင့် ရေးဆွဲပြဋ္ဌာန်းအတည်ပြုမည့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ဖြင့် ကျင်းပသော ရွေးကောက်ပွဲသာလျှင် မြန်မာ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေး ပဋိပက္ခများကို အဆုံးသတ်မည်ဟု ယုံကြည်ကြောင်းကိုလည်း ပြောဆိုထားသည်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင်ရွေးကောက် ပွဲ အပိုင်း (၁) ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၈ ရက်နေ့ တွင် ထုတ်ပြန်ကြေညာထားသည်။

ကလေးမြို့ပြင်သာ သုဿန်တွင် နာရေးပြုလုပ်နေစဥ် (ပုံဟောင်း /ကာယကံမေတ္တာလူမှုကူညီရေးအ သင်း) ။
June 18, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုတပ်က အမျိုးသားတဦးကို သတ်ဖြတ်ပြီး...
June 17, 2026
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်...
စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျသွားသည့် မြစ်ခြေမြို့နယ်အတွင်းရှိနေအိမ် တလုံးကို တွေ့ရစဉ် (ပုံအဟောင်း)⁩
June 16, 2026
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့်...
June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...