မြောက်ဦးမြို့ဗုံးကြဲခံရမှု ကလေးငယ် ငါးဦးအပါအဝင် အပြစ်မဲ့အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရဟု AA ထုတ်ပြန်

မြောက်ဦးမြို့ဗုံးကြဲခံရမှု ကလေးငယ် ငါးဦးအပါအဝင် အပြစ်မဲ့အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရဟု AA ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်၊ မြောက်ဦးမြို့အား လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် ကလေးငယ် ငါးဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော် (AA)က ယနေ့ ထုတ်ပြန်လိုက်သည်။

“၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့၊ ည (၁၁) နာရီ ( ၂၅) မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် (၅) ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၂) ဦး သေဆုံးခဲ့ရပြီး (၂၀)ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိကာ လူနေအိမ် (၈) လုံး ပျက်စီးခဲ့ရသည်”ဟု ယနေ့ သြဂုတ်လ ၂၆ ရက်၊ နေ့လယ်ပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖက်ဆစ် အကြမ်းဖက် စစ်တပ်သည် ညအချိန် လူအများ အိပ်မောကျနေသည်ကို အခွင့်ကောင်းယူပြီး ယခုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများပြားစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း AA က ဆိုထားသည်။

“အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသော မိဘပြည်သူလူထုများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါသည်။ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်သည် ပြီးခဲ့သည့် မေလ (၁၄)ရက်နှင့် (၁၅)ရက်နေ့များတွင်လည်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ရှစ်ဦး ‌သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် AA က ဖော်ပြထားသည်။

အလားတူ မေလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီ (၀၅) မိနစ်အချိန်တွင်လည်း ရသေ့တောင်မြိုနယ်၊ ထွန်းရဝေရွာဟောင်းအား အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သေား သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာရရှိသူ (၂၃)ဦးနှင့် လူနေအိမ် (၃၁) လုံး ပျက်စီးခဲ့ရသည်ဟု ဆိုထားသည်။

ယင်းအပြင် ဇန်နဝါရီလ (၁၈)ရက်နေ့ ညနေပိုင်းတွင်လည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်အား အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၎င်းပတ်ဝန်းကျင်၌ AA က ထိန်းသိမ်းထားသော အကြမ်းဖက်စစ်တပ်၏ စစ်သုံ့ပန်းမိသားစုဝင်များထဲမှ ကလေးငယ်နှင့် အမျိုးသမီးစုစုပေါင်း (၂၈) ဦးသေဆုံးကာ (၂၅) ဦးဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင်လည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ (၂၆)ဦး၊ ဒဏ်ရာရရှိသူ (၁၂) ဦးနှင့် လူနေအိမ် (၃၉၈) လုံးပျက်စီးခဲ့ရသည်ဟု AA က ယခုထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသော အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သော မြိုရွာ၊ ရပ်ကွက်နေရာများ စသည်ဖြင့် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များ၊ လူစိတ်ကင်းမဲ့သောတိုက်ခိုက်မှုမျိုးကို အာရက္ခဒေသအတွင်းသာမက နိုင်ငံအနှံ့အပြား၌ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...