ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် လုံခြုံရေးအန္တရာယ်ကြီးမားဟု ရှမ်းနီပါတီများဆို

ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် လုံခြုံရေးအန္တရာယ်ကြီးမားဟု ရှမ်းနီပါတီများဆို

ကချင်ပြည်နယ်အတွင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသမှာ ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လုံခြုံရေးတွေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်လို့ ရှမ်းနီနိုင်ငံရေးပါတီတွေက ဆိုပါတယ်။

ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးအတွက် တောင်းခံနိုင်တယ်လို့ စစ်ကော်မရှင်က ပြောဆိုထားပေမယ့် စည်းရုံးရေးလုပ်ငန်းများ ကွင်းဆင်းလုပ်ဆောင်နိုင်ဖို့ လုံခြုံရေးမှာ စိုးရိမ်ဖွယ်ရာများတော့ ရှိနေတယ်လို့ ရှမ်းနီနိုင်ငံရေးပါတီဝင်များထံမှ သိရပါတယ်။

“စည်းရုံးရေးလုပ်ဖို့က သိတဲ့အတိုင်းပဲလုံခြုံရေးပိုင်းကို သူတို့ဘယ်လိုပေးမှာလဲ သူတို့(စစ်ကော်မရှင်)က တောင်းလို့ရတယ်လို့ ပြောတာပဲ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လုံခြုံရေးပိုင်းက အရမ်းအန္တရာယ်များတဲ့အခြေအနေလေ ကျွန်တော်တို့ဘက်ကတော့ ဒါကို သိုသိုသိပ်သိပ် လျှို့လျှို့ဝှက်ဝှက်နဲ့ ဘယ်လိုလုပ်သွားမလဲဆိုတာကိုပဲ စီစဉ်နေတယ်” ဟု တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကျားနီပါတီ(TNDP) ရဲ့ အတွင်းရေးမှူးဖြစ်သူက အခုလိုပြောပြပါတယ်။ 

စစ်ကောင်မရှင်က ရွေးကောက်ပွဲ နှောင့်ယှက်မှုတွေကို ကာကွယ်တားဆီးဖို့ ဥပဒေတစ်ရပ်ထုတ်ပြန်ထားပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။ 

မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားပြီးတဲ့ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လို့ရနေပြီဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့က  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာပါတယ်။

လာမယ့် စက်တင်ဘာလ(၈)ရက်နေ့မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တင်သွင်းရတော့မှာ ဖြစ်ပေမယ့် ရှမ်းနီတိုင်းရင်းသား နိုင်ငံရေးပါတီများဖြစ်တဲ့ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီ( SSP)နဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) များအနေဖြင့် စည်းရုံးရေးလုပ်ဆောင်နိုင်ဖို့ စီစဉ်နေဆဲဟု သိရပါတယ်။

“အခု လောလောဆယ်က ကျွန်တော်တို့ ဘာမှ မလုပ်ရသေးဘူး။ တိတိကျကျ စာနဲ့ ပို့လာတာမျိုး မရောက်လာသေးဘူး။ (၂၅)ရက်နေ့ကျရင် အစည်းအဝေးရှိတယ်။ အေ့အစည်းအဝေးမှာမှပဲ တိတိကျကျ ပိုသိရမှာ” ဟု ကျားမင်းပါတီ(SSP)ရဲ့ ဥက္ကဌဖြစ်သူက ရှမ်းနီအသံကို ပြောပြပါတယ်။

ရွေးကောက်ပွဲကို အပိုင်းလိုက်ပြုလုပ်သွားဖို့ရှိနေပြီး ရှမ်းနီတိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ မိုးညှင်းနဲ့ ဟုမ္မလင်းမြို့နယ်တွေဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်မယ့် ရွေးကောက်ပွဲစာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo - CJ

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...