ငါန်းဇွန်တွင် ဝမ်းပျက်ဝမ်းလျှောနှင့် တုပ်ကွေးဖြစ်ပွားသူ စစ်ဘေးရှောင် ၂,၀၀၀ နီးပါးရှိ၊ ဆေးဝါးပြတ်လပ်နေ

ငါန်းဇွန်တွင် ဝမ်းပျက်ဝမ်းလျှောနှင့် တုပ်ကွေးဖြစ်ပွားသူ စစ်ဘေးရှောင် ၂,၀၀၀ နီးပါးရှိ၊ ဆေးဝါးပြတ်လပ်နေ
Photo - CJ
Photo - CJ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များမှာ ဝမ်းပျက်ဝမ်းလျောနှင့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ဦးရေ စုစုပေါင်း ၂,၀၀၀ ခန့်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံက သိရသည်။

တုပ်ကွေးရောဂါ ဖြစ်ပွားသူမှာ ဦးရေ ၁,၀၀၀ ကျော်ရှိပြီး ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသူမှာ ၁,၀၀၀ နီးပါးရှိ၍ ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။

“ရာသီတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတာ။ တွင်းရေမရတဲ့အပိုင်းက သောက်ရေကြောင့်ရော၊ ကျွန်တော်တော့ ကျွန်းပေါ်အိမ်သာလေးတွေ ဆောက်ထားတယ်။ ဒါပေမဲ့ အခုက မြစ်ရေတက်လို့ ရေက မြှုပ်နေတော့ ရေထဲသွားနေကြတာနေမယ်။ အိပ်ဖို့၊ စားဖို့တချို့တွေက မပြေလို့ ကျွန်တော်ကိုယ်တိုင် လူဦးရေ ၁၀၀ကျော်လောက်ခေါ်ထားရတယ် ။ ဆေးဝါးတွေက လုံးဝပြတ်ထွက်သွားပြီ လုံးဝမလည်ပတ်နိုင်တော့ဘူး”ဟု စစ်ဘေးရှောင်ကူညီသူက မဇ္ဈိမကို ပြောသည်။

ငါန်းဇွန် အနောက်ဘက်ရှိ မိုးထောင်၊ ငါန်းမြှာကြီးကျေးရွာခံများမှာ ဘေးလွတ်ရာများသို့ ရှောင်တိမ်းနေရသည်မှာ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းကဖြစ်၍ စစ်ရှောင်ကာဓါတ်ပုံ- မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကော်မရှင် စစ်ကြောင်းကြောင့် ၂၀၂၄ ခုနှစ်က ထွက်ပြေးတိမ်းရှောင်နေသည့် အရပ်သားပြည်သူများ လ၊ နှစ်ချီနေပြီဖြစ်ပြီး အလှုရှင်များမရှိတော့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည့် မတ်လက စ၍ လာရောက်လှူဒါန်းသူများ မရှိတော့၍ စစ်ဘေးရှောင်များ ပိုမို ကြပ်တည်းနေကြကြောင်းလည်း သိရသည်။

ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများမှာများသောအားဖြင့် ၁၀ နှစ်အောက် ကလေးငယ်နှင့် အသက် ၄၀ အထက် လူကြီးများ ဖြစ်ပွားနေကြောင်း သိရသည်။

လမ်းခရီး နယ်မြေအခက်အခဲကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစ၍ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များမှာ ငါန်းဇွန်းမြို့နယ်ဘက် လာရောက် ဆေးကုသမှု မရှိတော့သလို ဒေသခံများကလည်း ၎င်းတို့ရှိရာ စစ်ကိုင်းဒေသဘက်သို့ သွားရောက်နိုင်ခြင်းမရှိကြောင်း ဒေသခံ စစ်ဘေးရှောင်များက ပြောသည်။

“တောင်သူမဟုတ်တဲ့ သူတွေက ထမင်းတောင် မစားနိုင်ဘူး။ ငါးရှာ၊ ဖားရှာ စားသောက်နေရသူ များတယ်။ ကလေးငယ်တွေကျွေးဖို့ သူတို့ကိုယ်တိုင် အငတ်ခံရသူတွေရှိတယ်။ မြင်းခြံဘက်က ပစ်သတ်တဲ့ သတင်းတွေကြောင့် ဒီဘက်ကသူတွေလည်း အိမ်တွေကို မပြန်ရဲကြဘဲ တောတောင်ထဲ စစ်ရှောင်နေကြတာ ဆန်တွေ စုဆောင်းထားတာတွေ ကုန်ပြီ” ဟု ငါန်းဇါန်ဒေသခံတဦးက ပြောသည်။

စစ်ကော်မရှင်တပ်က ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်မှုများနှင့် စစ်ကြောင်းထိုးနေမှုများကြောင့် မိုးထောင် ကျေးရွာအုပ်စုရှိ လုံးခင်း၊ ရွာသာအေး၊ ရွှေလီ၊ လယ်ကျင်းဦး၊ ကျောင်းမြောက်၊ ရွာမ၊ ငါန်းမြှာကြီး၊ ရွာသစ်၊ စခန်းသာနှင့် သားကျင်ကျေးရွာများမှ ဒေသခံများ တောတောင်ထဲတွင် စစ်ဘေးရှောင်နေကြဆဲဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ- စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် တီမောသံရုံးယာယီတာဝန်ခံတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ တီမောသံရုံးယာယီတာဝန်ခံအား လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် အကြောင်းကြားခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။ (MOI)
February 16, 2026
ရန်ကုန်မြို့ရှိ တီမောနိုင်ငံ၏ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား လာမည့်...
February 13, 2026
စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင်...
February 12, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံအရပ်သားလေးဦးအား...
ဒီမောဆိုမြို့ တနေရာရှိ ဘိန်းခင်းကို KNDF တပ်ဖွဲ့ဝင်များ ဖျက်ဆီးနေကြပုံ။ (Moe Nyo Facebook)
February 11, 2026
ဂျူချန်း — ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တနေရာရှိ ဘိန်းခင်းများကို...