ကျိုက်ထို ငှက်ပျောတော ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု သံဃာ ၂ ပါး ပျံလွန်တော်မှု

ကျိုက်ထို ငှက်ပျောတော ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု သံဃာ ၂ ပါး ပျံလွန်တော်မှု
Photo - ဒေသခံ
Photo - ဒေသခံ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ယမန်နေ့ ဩဂုတ် ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီခွဲကျော် အချိန်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သံဃာ ၂ ပါး ပျံလွန်တော်မူသွားသည်ဟု ခရိုင်တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော်များ ဆွမ်းစားရန် ပြင်ဆင်နေချိန် အာဏာသိမ်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသည့် သံဃာတော် ၄ ပါးကို ဆေးကုသနိုင်ရန်  ကျိုက်ထို မြို့နယ်၊ ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု ဒူးသထူ ခရိုင် တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ငှက်ပျောတောအုပ်စု ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို ၁၀ နာရီ ခွဲကျော်မှာ လေကြောင်းကနေ ဗုံးလာကြဲသွား တာပါ။ ကနဦး ဘုန်းကြီး ၂ ပါး ပျံလွန်တော်မှုတယ်။ ၄ ပါး ထိခိုက်ဒဏ်ရာ ရတယ်။ ထိခိုက်သူတွေကို ကျိုက်ထိုမြို့ နယ် ဆေးရုံကို ဆေးကုဖို့ ပို့ဆောင်ပေးလိုက်တယ်လို့ သိထားပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ဗုံးကြဲခံရ၍ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်နှင့် အဆောက်အဦး တစ်ချို့ ထိခိုက်ပျက်ဆီးသွားသည်ဟု ကေအဲန်ယူ၊ ဒူးသထူ ခရိုင်တာဝန်ရှိသူက ဆက်ပြောသည်။

စစ်တပ် ဗုံးကြဲ တိုက်ခိုက်သည့် ငှက်ပျောတောကျေးရွာ အုပ်စုအတွင်း ယခု ရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၉ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်း ကျေးရွာအုပ်စု အတွင်းရှိ ပိန္နဲကုန်း ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာတွင်းနေထိုင်သူ အသက် (၆၂) အရွယ် အမျိုးသား တစ်ဦး သေဆုံးပြီး၊ အရပ်သား ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။

ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...
September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...