တနင်္သာရီတွင် လေကြောင်းတိုက်ခိုက်ခံရမှု များလာပြီး စစ်ရှောင်ဦးရေတိုးလာ

တနင်္သာရီတွင် လေကြောင်းတိုက်ခိုက်ခံရမှု များလာပြီး စစ်ရှောင်ဦးရေတိုးလာ
Photo - FE5 Tanintharyi
Photo - FE5 Tanintharyi

တနင်္သာရီတိုင်းတွင် အာဏာသိမ်း စစ်တပ်က ပြီးခဲ့သည့် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ တိုးလာပြီး ဒေသခံ စစ်ရှောင်ဦးရေသည်လည်း တိုးလာသည်ဟု FE 5 Tanintharyi ၏ ဇူလိုင်လ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ တနင်္သာရီတိုင်းတွင် ဇွန်လအတွင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၈ ကြိမ်ရှိခဲ့ရာမှ ဇူလိုင်လတွင် ၂၅ ကြိမ်ထိ တိုးလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း၊ စစ်ကြောင်းထိုးစဉ် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ရေကြောင်း မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ မြင့်တက်လျက်ရှိ သည်ဟု စစ်ဘေး ရှောင်ကူညီနေသူများက ပြောသည်။

“ပြီးခဲ့တဲ့ဇူလိုင်လမှာက အရင်လတွေကထက် အရပ်သားသေဆုံးမှုတွေလည်း များတယ်။ ပြီးတော့ လေကြောင်း တိုက်ခိုက်မှုအများဆုံးလလည်းဖြစ်ပါတယ်။ အဲ့တာကြောင့်စစ်ဘေးရှောင်တွေက တစ်ရက်ထက်တစ်ရက် ပိုပြီး များလာတာ ဖြစ်တယ်” ဟု စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အထက်ပါ ဖြစ်ရပ်များကြောင့် တနင်္သာရီတွင် စစ်ဘေးရှောင် ၈၂,၈၀၀ ဦး အထိတိုးလာသည်ဟု FE 5 Tanintharyi ၏ ဇူလိုင်လ အစီရင်ခံစာ၌ ဖော်ပြ ထားသည်။

အဆိုပါ စစ်ဘေးရှောင်များအနက် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ နှင့် သရက်ချောင်းမြို့နယ်တို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဒေသခံပြည်သူ စုစုပေါင်း ၃၈,၃၀၀ ဦး ကျော်ရှိ သည်ဟု ၎င်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

အလားတူ မြိတ်ခရိုင် ပုလော၊ တနင်္သာရီ၊ မြိတ် နှင့် ကျွန်းစုမြို့နယ်များတွင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင် နေရသူ အနည်းဆုံး ၄၄,၅၀၀ ဦး ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် အနည်းစုမှာ ပုလောစစ်ရှောင်စခန်းတွင် နေထိုင် ကြသလို အများစုသည် နီးစပ်ရာ တောတောင်၊ ခြံ၊ ရွာ၊ မြို့ပေါ်နေရာများသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ထို့အပြင် တနင်္သာရီမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၏ နှစ်ဖက် တိုက်ပွဲများအပြင်၊ လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၉,၅၀၀ ဦး ခန့် ရွာလုံးကျွတ် ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...
September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...