တမူးမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး လက်နက်များ သိမ်းပိုက်ရရှိ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် (၅) ဦး ကျဆုံး

တမူးမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး လက်နက်များ သိမ်းပိုက်ရရှိ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် (၅) ဦး ကျဆုံး

ဩဂုတ်လ ၅ ရက်မှ ၈ ရက်အတွင်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားတပ်ဦး (CNF/A)ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာသေနတ် ၉ လက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း အမှတ် - ၁ စစ်ဒေသက ဩဂုတ် (၁၁) ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နန်မွန်းတားရွာကို ရန်ငြိမ်းအောင်ရွာမှ ခလရ-၂၂၈ နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်တို့မှ သြဂုတ်လ ၅ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပြန်လည်တိုက်ခိုက်ခဲ့လို့ သြဂုတ်လ ၈ ရက်နေ့မှာ ပြန်ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ KNA(B)၊ NLA နှင့် CNA တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက် (၉) လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး ရန်သူ (၆) ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူ (၂၀) ကျော်ရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး လက်နက် (၃) လက် ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ဩဂုတ်လ (၈) ရက်နေ့တွင် နန်မွန်းတားရွာ ဘုရားကျောင်းသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံးကြဲချ တိုက်ခိုက်ပြီး တံတားဦးလေတပ်မှ တက်လာသော MIG-29 (၁) စီးဖြင့် Cluster ဗုံးကြဲချ တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဘက်မှ OWA အသေခံဒရုန်း အမျိုးအစားများကိုလည်း အသုံးပြုခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...