ကျောက်ဖြူတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းများကို AA ကြားဖြတ်တိုက်ခိုက်

ကျောက်ဖြူတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းများကို AA ကြားဖြတ်တိုက်ခိုက်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)ရှိသည်အထင်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ စစ်ကြောင်းများသည် AA ၏ ကြားဖြတ် ချေမှုန်းတိုက်ခိုက်ခြင်းကို ခံနေရကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"စစ်ကောင်စီဖက်က AA ရှိနိုင်တဲ့နေရာကိုမှန်းပြီး ထိုးစစ်ဆင်‌နေတာ။ အထင်နဲ့လာလာတာ။ အတိအကျ သိတာမဟုတ်ဘူး။ AA ဖက်က သူတို့လာတာကို ပြောက်ကျားစနစ်နဲ့ ကြားဖြတ်စနစ်နဲ့ ဝိုင်းတိုက်ခိုက်တာ။ အဲဒါကြောင့် AA ရဲ့ ကြားဖြတ်ချေမှုန်းခြင်းကို ခံရတာ။ တိုက်ခိုက်လို့ အကျအဆုံးတွေလည်း များတယ်" ဟု ပြောသည်။

အဆိုပါစစ်ကြောင်းများသည် ယမန်နေ့ ဩဂုတ် ၇ ရက်တွင် ပြိုင်းစေ့ကေဖက်မှ ပြင်ရှည်၊ လိပ်ခမော်ရွာ၊ မင်းတက်တောင်အထိ ထိုးစစ်တက်ကာ AA ကို တိုက်ခိုက်ရန် တက်လာခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

တိုက်ပွဲမှာ ယမန်နေ့ နံနက်မှ ညအချိန်အထိ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ကိုလည်း AA က သိမ်းဆည်းရမိထားသည်ဟု AA နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"နေ့ရော၊ ညရော ထိုးစစ်ပြင်းတယ်။ ညဉ့်အချိန်မှာ တိုက်ပွဲက ပိုပြင်းထန်ခဲ့တယ်။ လက်နက်ခဲယမ်းတွေလည်း ရထားတယ်။ အကျအဆုံးလည်း များတယ်လို့ သိရတယ်။ ဒီမနက်လည်း တိုက်ပွဲဆက်ရှိ‌နေတယ်"ဟု ပြောသည်။

ယခုစစ်ကြောင်းထိုးလာသည့် စစ်ကြောင်းများတွင် စစ်တွေမှအင်အားဖြည့်ထားသည့် စစ်ကောင်စီအင်အားများနှင့် ပြည်သူ့စစ်အများအပြားပါဝင်‌‌ကြောင်း သိရသည်။

ဩဂုတ်လ ၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ ပြင်ရှည်၊ လိပ်ခမော်၊ မင်းတက်တောင် ဖက်ကို စစ်ကောင်စီဖက်မှ ထိုးစစ်တက်ကာ ကြည်း၊ ရေ၊ လေ မျိုးစုံဖြင့် AA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...