စစ်အုပ်ချုပ်ရေးကြေညာမှု ချင်းပြည်မှာ သက်ရောက်မှု ကြီးကြီးမားမားရှိမှာမဟုတ်ကြောင်း CNF ပြော

စစ်အုပ်ချုပ်ရေးကြေညာမှု ချင်းပြည်မှာ သက်ရောက်မှု ကြီးကြီးမားမားရှိမှာမဟုတ်ကြောင်း CNF ပြော

- စစ်ကောင်စီကိုဖျက်သိမ်းပြီး ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ချင်းပြည်နယ်က မြို့နယ် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အပေါ် ချင်းပြည်နယ်မှာ သက်ရောက်မှု ကြီးကြီးမားမားရှိမှာမဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး-CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ 

- ချင်းပြည်နယ် ဟားခါးမြို့မှာ ဘုရားကျောင်းတက်ပြီးပြန်လာသူနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ မြိုခံလူငယ် အယောက် ၄၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးသွားပြီး ၈ ဦးကို ပြန်လွှတ်ပေးပေမဲ့ ကျန်လူငယ်တွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ 

- ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်တစ်နေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဆောက်အဦး ၁၀ လုံးပျက်စီးသွားတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

January 26, 2026
-  ကချင်ပြည် ဗန်းမော်မြို့နယ်မှာ နာရေးရက်လည် ဆုတောင်းပွဲ လူအုပ်ထဲကို စစ်ကော်မရှင်က...
January 26, 2026
- မွန်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မုဒုံ-ရေလယ်-ဘုရားသုံးဆူလမ်းပိုင်းကို...
January 26, 2026
- AA ရဲ့ စနိုက်ပါကြောင့် စစ်တွေမှာ စစ်ကော်မရှင်စစ်ကြောင်းတွေ အကျအဆုံးများနေသလို...
January 24, 2026
- မော်လမြိုင်မြို့မှာ စစ်မှုထမ်းအတွက် အမျိုးသမီးစာရင်းတွေ လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေက...