ရန်ကုန်သွားမယ့် ရခိုင်လူငယ်တွေကို စက်လှေပေါ်လိုက်ပါစီးနင်းခွင့်ပေးမိတဲ့ ချင်းအမျိုးသားတစ်ဦးကို AA ဖမ်းဆီးသွားကာ အဆက်အသွယ်မရဖြစ်နေ

ရန်ကုန်သွားမယ့် ရခိုင်လူငယ်တွေကို စက်လှေပေါ်လိုက်ပါစီးနင်းခွင့်ပေးမိတဲ့ ချင်းအမျိုးသားတစ်ဦးကို AA ဖမ်းဆီးသွားကာ အဆက်အသွယ်မရဖြစ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာနေ စက်လှေမောင်းတဲ့ ချင်းအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်သွားမယ့် ရခိုင်ပြည်က ရခိုင်လူငယ်တွေကို သူစက်လှေပေါ် စီးနင်းလိုက်ပါခွင့်ပေးမိလို့ ပလက်ဝမြို့နယ် သံထောင်ဂိတ်မှာ အာရက္ခတပ်တော်(AA)ရဲ့ ဖမ်းဆီးတာ ခံရပြီး ဒီကနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရတဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

နီးစပ်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အဖမ်းခံရတာ ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်တယ် သူကမြောက်ဦးဘက်ကို ရခိုင်ကုန်သယ်တွေရဲ့ ကုန်ပစ္စည်းတွေကို သွားပို့ပြီး အပြန်မှာ ရခိုင်လူငယ်တွေက လိုက်ချင်တယ်လို့ ပြောလို့ တင်လာတာဖြစ်တယ် အဲဒါ သံထောင်ရွာက AA ဂိတ်မှာ အကုန်လုံးအဖမ်းခံရတယ်။ AA ဘက်က လူငယ်တွေကို ဘယ်မှ ပေးမသွားဘူးဆိုတဲ့ ဥပဒေထုတ်တာလည်းရှိတယ် စက်လှေမောင်းတဲ့ ဦးလေးကလည်း အဲဒါတွေ သိတဲ့ပုံမပေါ်ပါဘူး ဒီတိုင်းလိုက်ချင်တယ်ဆိုပြီး အကူအညီတောင်းလို့ ခေါ်တင်လာတာဖြစ်တယ်” လို့ပြောပါတယ်။

အာရက္ခတပ်တော် AA ဖမ်းဆီးတာခံရတဲ့ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာနေ စက်လှေမောင်းတဲ့ ချင်းအမျိုးသားဟာ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ဦးလုံးမားဖြစ်ပြီး လက်ရှိ မြောက်ဦးမြို့နယ်ဘက်ကို ပို့ဆောင်ထားတယ်လို့သာသိရပြီး မိသားစုနဲ့ အဆက်အသွယ်မရပဲ ဖြစ်နေတယ်လို့လည်း အဖမ်းဆီးခံရတဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်က လူငယ်တွေအားလုံးကို ပြည်နယ်ပြင်ပထွက်ခွာခွင့် တားမြစ်ထားပြီး ထွက်ခွာဖို့ကြိုးစားသူတွေကို အရေးယူမယ့် အကြောင်းကိုလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...