ရန်ကုန်သွားမယ့် ရခိုင်လူငယ်တွေကို စက်လှေပေါ်လိုက်ပါစီးနင်းခွင့်ပေးမိတဲ့ ချင်းအမျိုးသားတစ်ဦးကို AA ဖမ်းဆီးသွားကာ အဆက်အသွယ်မရဖြစ်နေ

ရန်ကုန်သွားမယ့် ရခိုင်လူငယ်တွေကို စက်လှေပေါ်လိုက်ပါစီးနင်းခွင့်ပေးမိတဲ့ ချင်းအမျိုးသားတစ်ဦးကို AA ဖမ်းဆီးသွားကာ အဆက်အသွယ်မရဖြစ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာနေ စက်လှေမောင်းတဲ့ ချင်းအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်သွားမယ့် ရခိုင်ပြည်က ရခိုင်လူငယ်တွေကို သူစက်လှေပေါ် စီးနင်းလိုက်ပါခွင့်ပေးမိလို့ ပလက်ဝမြို့နယ် သံထောင်ဂိတ်မှာ အာရက္ခတပ်တော်(AA)ရဲ့ ဖမ်းဆီးတာ ခံရပြီး ဒီကနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရတဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

နီးစပ်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အဖမ်းခံရတာ ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်တယ် သူကမြောက်ဦးဘက်ကို ရခိုင်ကုန်သယ်တွေရဲ့ ကုန်ပစ္စည်းတွေကို သွားပို့ပြီး အပြန်မှာ ရခိုင်လူငယ်တွေက လိုက်ချင်တယ်လို့ ပြောလို့ တင်လာတာဖြစ်တယ် အဲဒါ သံထောင်ရွာက AA ဂိတ်မှာ အကုန်လုံးအဖမ်းခံရတယ်။ AA ဘက်က လူငယ်တွေကို ဘယ်မှ ပေးမသွားဘူးဆိုတဲ့ ဥပဒေထုတ်တာလည်းရှိတယ် စက်လှေမောင်းတဲ့ ဦးလေးကလည်း အဲဒါတွေ သိတဲ့ပုံမပေါ်ပါဘူး ဒီတိုင်းလိုက်ချင်တယ်ဆိုပြီး အကူအညီတောင်းလို့ ခေါ်တင်လာတာဖြစ်တယ်” လို့ပြောပါတယ်။

အာရက္ခတပ်တော် AA ဖမ်းဆီးတာခံရတဲ့ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာနေ စက်လှေမောင်းတဲ့ ချင်းအမျိုးသားဟာ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ဦးလုံးမားဖြစ်ပြီး လက်ရှိ မြောက်ဦးမြို့နယ်ဘက်ကို ပို့ဆောင်ထားတယ်လို့သာသိရပြီး မိသားစုနဲ့ အဆက်အသွယ်မရပဲ ဖြစ်နေတယ်လို့လည်း အဖမ်းဆီးခံရတဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်က လူငယ်တွေအားလုံးကို ပြည်နယ်ပြင်ပထွက်ခွာခွင့် တားမြစ်ထားပြီး ထွက်ခွာဖို့ကြိုးစားသူတွေကို အရေးယူမယ့် အကြောင်းကိုလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...