လွိုင်ကော်အကျဉ်းထောင်မှာ ဆေးကုသခွင့် လုံလောက်မှု မရရှိတာကြောင့် အကျဉ်းသား (၉၀) ရာခိုင်နှုန်းကျော် ယားနားမှု ဖြစ်ပွားနေ

လွိုင်ကော်အကျဉ်းထောင်မှာ ဆေးကုသခွင့် လုံလောက်မှု မရရှိတာကြောင့် အကျဉ်းသား (၉၀) ရာခိုင်နှုန်းကျော် ယားနားမှု ဖြစ်ပွားနေ

ကရင်နီပြည် လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေကြတဲ့ အကျဉ်းသားအများစုဟာ ဆေးကုသခွင့် လုံလုံလောက်လောက် မရရှိတာကြောင့် ယားနာမှုတွေ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

လွိုင်ကော်အကျဉ်းထောင်ထဲမှာ ထောင်ဝင်စာ ဝင်ခွင့်ကို (၂) နှစ် နီးပါး ပိတ်ပင်ထားတဲ့အပြင် ဆေးကုသခွင့် မရရှိတာကြောင့် အကျဉ်းသားများရဲ့ (၉၀) ရာခိုင်နှုန်းကျော်ဟာ ရေကြောင့် ယားနာမှုတွေ ဖြစ်ပွားနေတယ်လို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားအစည်းအရုံး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုမင်းမင်းက အခုလို ပြောပါတယ်။

“တော်တော်များများ အကျဉ်းထောင်ထဲမှာ နေရတဲ့ လူတွေက နိုင်ငံရေးအကျဉ်းသားကော အခြားသော အကျဉ်းသားတွေမှာကောပဲ အထူးသဖြင့် ရေလှိုင်းနဲ့ သက်ဆိုင်တဲ့ဟာတွေ ပိုမို ဖြစ်ပွားတယ်။ ယားနာတို့၊ ပွေးတို့၊ ညှင်းတို့တွေ။ ပြီးတော့ အနားစိမ်းပေါက်တာတို့တွေရယ်ပေါ့နော်။ အဲ့လိုမျိုးက အယောက်တိုင်းနီးပါးကို ဖြစ်ပွားနေတယ်။ ရာခိုင်နှုန်းအနေနဲ့ သွားရမယ်ဆိုရင် (၉၅) ရာခိုင်နှုန်းလောက် ဖြစ်မယ်” လို့ ကိုမင်းမင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ (၁၁၁၁) စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်းကစပြီး အကျည်းသားတွေကဟာ အပြင်ထွက်ခွင့် မရတော့တဲ့အပြင် ဆေးကုသခွင့်လည်း လုံလုံလောက်လောက် မရရှိတာကြောင့် အခုလိုတွေ အဖြစ်များနေကြတယ်လို့ ဆိုပါတယ်။

အကျဉ်းသားများကို ဆေးကုသခွင့် လုံလုံလောက်ပေးရန်နှင့် ထောင်ဝင်စာကို တရားဝင် ပြန်လည် ခွင့်ပြုပေးရန် (KPPA) က ပြီးခဲ့တဲ့ ဩဂုတ်လ (၃) ရက်နေ့မှာ တောင်းဆိုထားပါတယ်။

ကရင်နီပြည်က လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသား စုစုပေါင်း ၅၀၀ ကျော်ရှိပြီး အမျိုးသမီး (၅၀) ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ အကျဉ်းသားများထဲမှာ နိုင်ငံရေးအကျဉ်းသား များ ၁၄၀ ဦးပါဝင်နေပြီး အမျိုးသမီး အကျဉ်းသား ဦးရေ (၂၀) ကျော် ပါဝင်နေတယ်လို့ ၂၀၂၅ ခုနှစ် ဇူလှိုင်လ (၃၀) ရက်နေ့ မှာ KPPA ရဲ့ လက်လှမ်းမှီတဲ့ စာရင်းအရ သိရပါတယ်။ 

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...