မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးကို TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်

မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးကို TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်

သျှမ်းပြည် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ပြည်ထောင်စုလမ်းမကြီးကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ကြောင်း သိရသည်။

ယနေ့ (ဇူလိုင်လ ၃၁ ရက်) မနက် ၆ ရက်နာရီတွင် မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်မကြီးကို အကြောင်းရင်းမဲ့ တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖြတ်သန်း သွားလာခွင့် ပိတ်လိုက်ကြောင်း

နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက်မှာပဲ အကြောင်းပြချက်လည်းမရှိဘူး။ ဘာမှလည်း မဖြစ်ပဲ ဒီတိုင်းပိတ်လိုက်တာ။ ဈေးသည် တွေနဲ့ ကလေးတွေကျောင်းသွားကျောင်းလာဖို့လည်း ခက်ခဲကုန်တယ်။ မူဆယ်က ကားသမားတွေက နမ့်ခမ်းဘက်မှာ လာပိတ်မိနေကြတာ။”ဟု နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်မကြီး ၊ မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု ဆိုင်ခေါင်ရွာ နှင့် နမ့်ခမ်းမြို့ရှိ နမ်ခမ်းရပ်ကွက်တို့တွင် ပိတ်ထားကြောင်းသိရသည်။

TNLA မှ မူဆယ် – နမ့်ခမ်း လမ်မကြီးကို အကြောင်းရင်းမဲ့စွာ ပိတ်လိုက်သည့်အတွက် ကလေးကျောင်းသွားလာခြင်း၊ ကားသမား၊ ကုန်သည်၊ ဈေးသည် နှင့် တောင်သူ လယ်သမားများ အတွက် အခက်အခဲများ ဖြစ်စေကြောင်း အသက် ၄၀ ဝန်းကျင် ကုန်သည်အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“လမ်းလျှောက်သွားလာလို့တော့ ရတယ်။ ကားနဲ့ ဆိုင်ကယ် သွားလာလို့မရဘူး။နမ့်ခမ်းကလူတွေက မူဆယ် ၊ ကျယ်ခေါင်ဘက်က ကုန်ပစ္စည်းတွေကို သွားဝယ်ကြရတာလေ။ ဈေးသယ်တွေကစ သွားလာမရတော့ အဆင်မပြေကြဘူး။”ဟု အသက် ၄၀ ဝန်းကျင် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် (ဇူလိုင်လ ၂၈ ရက်) တွင် မိုးကုတ် မှ ကျောက်မဲ၊ မိုးမိတ်၊ စဉ်းကူး၊ သပိတ်ကျင်း ကားလမ်း၊ ပြင်ဦးလွင် မှ အုမ္မတီး ၊ အုမ္မခါး၊ မိုင်းလုံ ကားလမ်းနှင့် တာကောင်း မှ တွင်းငယ်၊ မိုးမိတ်ကားလမ်းတို့ကို TNLA မှ ရေကြီး မြေပြိုမှုကြောင့် လမ်းတံတားပျက်စီးကြောင်းကို အကြောင်းပြီး ဖြတ်သန်းသားလာခွင့် ယာယီပိတ်ထားကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...