စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ MTC/MDF ဒုတိယဥက္ကဌ ပြန်လွတ်လာဟုဆို

စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ MTC/MDF ဒုတိယဥက္ကဌ ပြန်လွတ်လာဟုဆို

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tipa ကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က စစ်ဘက်ဆိုင်ရာပစ္စည်း သယ်လာတဲ့ကားပေါ် ပါလာလို့ ဖမ်းဆီးခံခဲ့ရတဲ့ Maraland Defense Force ( MTC/ MDF) ရဲ့ ဒုတိယဥက္ကဌ NB Sila မနေ့ ဇူလိုင်လ ၂၉ ရက်နေ့က ပြန်လွတ်လာတယ်လို့ MDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက Chin World Media ကို ပြောပါတယ်။

MTC/ MDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒုတိယခေါင်းဆောင် မနေ့က ပြန်လွတ်လာပါတယ်။ သူနဲ့အတူ အဖမ်းဆီးခံရသူတွေလည်း ပြန်လွတ်လာတယ်လို့ သိရတယ်။ ဘယ်လိုအခြေအနေရှိလဲဆိုတာကတော့ သတင်းမရသေးဘူး” လို့ ပြောပါတယ်။

ချင်းညီနောင်(CB) အဖွဲ့ဝင် Maraland Defense Force ( MTC/ MDF) ရဲ့ ဒုတိယခေါင်းဆောင်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့အတူ ဇူလိုင်လ ၁၇ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကျည်ကာဦးထုပ်တွေ ကျည်ကာအင်္ကျီတွေ ခဲယမ်းနှင့် စက်သုံးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားပေါ် လိုက်ပါမိခဲ့လို့ အခုလို ဖမ်းဆီးခံခဲ့ရတယ်လို့ MDF ဘက်က တာဝန်ရှိသူတွေက Chin World Media ကို ကနေဦးတုန်းက ပြောထားပါတယ်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...