စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ MTC/MDF ဒုတိယဥက္ကဌ ပြန်လွတ်လာဟုဆို

စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ MTC/MDF ဒုတိယဥက္ကဌ ပြန်လွတ်လာဟုဆို

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tipa ကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က စစ်ဘက်ဆိုင်ရာပစ္စည်း သယ်လာတဲ့ကားပေါ် ပါလာလို့ ဖမ်းဆီးခံခဲ့ရတဲ့ Maraland Defense Force ( MTC/ MDF) ရဲ့ ဒုတိယဥက္ကဌ NB Sila မနေ့ ဇူလိုင်လ ၂၉ ရက်နေ့က ပြန်လွတ်လာတယ်လို့ MDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက Chin World Media ကို ပြောပါတယ်။

MTC/ MDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒုတိယခေါင်းဆောင် မနေ့က ပြန်လွတ်လာပါတယ်။ သူနဲ့အတူ အဖမ်းဆီးခံရသူတွေလည်း ပြန်လွတ်လာတယ်လို့ သိရတယ်။ ဘယ်လိုအခြေအနေရှိလဲဆိုတာကတော့ သတင်းမရသေးဘူး” လို့ ပြောပါတယ်။

ချင်းညီနောင်(CB) အဖွဲ့ဝင် Maraland Defense Force ( MTC/ MDF) ရဲ့ ဒုတိယခေါင်းဆောင်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့အတူ ဇူလိုင်လ ၁၇ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကျည်ကာဦးထုပ်တွေ ကျည်ကာအင်္ကျီတွေ ခဲယမ်းနှင့် စက်သုံးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားပေါ် လိုက်ပါမိခဲ့လို့ အခုလို ဖမ်းဆီးခံခဲ့ရတယ်လို့ MDF ဘက်က တာဝန်ရှိသူတွေက Chin World Media ကို ကနေဦးတုန်းက ပြောထားပါတယ်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...