ချောင်းဦးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး

ချောင်းဦးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မြောက်ခြမ်းရှိ ကျီးကုန်းကျေးရွာတွင် မြပုလဲ စစ်တပ်အထိုင် စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့(ဇူလိုင် ၂၉ ရက်) ညနေ ၄ နာရီခွဲတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူနှစ်ဦးတွင် ၁၀ နှစ်အရွယ် မိန်းက လေးငယ်တဦး ပါဝင်ကြောင်း သိရသည်။

“လက်နက်ကြီးနှစ်ကြိမ်လုံး ရွာလမ်းမပေါ်ကျရောက်ပေါက်ကွဲခဲ့တာပါ။ မထင်မှတ်ထားတဲ့အချိန် ရောက် လာတော့ ဘယ်လိုမှ ရှောင်တိမ်းချိန်မရလိုက်ဘူး။ အမျိုးသမီးနှစ်ဦးတော့ နေရာတင်သေဆုံးခဲ့တယ်။ အ ပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်” ဟု ချောင်းဦးဒေသခံတဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီး တဦးသေဆုံးခဲ့ပြီး ကိုရင်တပါးအပါအဝင် ဒေသခံငါးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှု ခံယူ နေရကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် စစ်ဆေးရေးဂိတ်များနှင့် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် စစ်စခန်း ၁၅ ခုရှိပြီး ယင်းအထိုင်တပ်စခန်းများအနက် မြပုလဲအထိုင်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

June 17, 2026
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်...
စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျသွားသည့် မြစ်ခြေမြို့နယ်အတွင်းရှိနေအိမ် တလုံးကို တွေ့ရစဉ် (ပုံအဟောင်း)⁩
June 16, 2026
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့်...
June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...
June 13, 2026
ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊...