မိုးကုတ်မြို့တွင်းရှိ နေရာသုံးခု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား လေးဦး သေဆုံး

မိုးကုတ်မြို့တွင်းရှိ နေရာသုံးခု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား လေးဦး သေဆုံး

မိုးကုတ်မြို့တွင်း နေရာသုံးခုကို  စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“ဒီမနက်လေးတင် King Bridge နားကို လာချသွားတယ်။ တခြားနေရာတွေလည်းပါတယ်။ မိုးကလည်းရွာတယ် လေယာဉ်ကလေးကြိမ်ရှိပြီလာချတာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သား (၄) ဦးသေဆုံးပြီး (၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုးကုတ်မြို့ရဲ့ အထင်ကရနေရာတစ်ခုလည်းဖြစ်သလို ဟော်တည်လည်းဖြစ်တဲ့ ရွှေလိပ်ပြာဟော်တည်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရမ်ချယ်နယ်တွေမှာတော့ အဲ့ဒီနေရာတွေက TNLA ရဲ့ ခေါင်းဆောင်ပိုင်းတချို့ရှိနေတယ်လို့ ဇူလိုင်လလယ်မှာ သတင်းတင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းပိုက်မယ့်သတင်းတွေလည်း ထွက်ပေါ်ခဲ့ပြီးနောက် တရုတ်လုပ်ငန်းရှင်တချို့လည်း မြို့ကနေတိမ်းရှောင်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လက်ရှိ မိုးကုတ်မြို့ကနေ ထွက်ခွာလို့ရမယ့် လမ်းပိုင်းတွေ အားလုံးကို TNLA လမ်းပိုင်းပြုပြင်ရေးအတွက် မနေ့ကစလို့ ပိတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“အခုဆို မိုးမိတ်တောင်သွားလို့မရတော့ဘူး။ မိုးကုတ် ကျောက်မဲ၊ မိုးကုတ်-မန္တလေး၊ မိုးကုတ်-မိုးမိတ်၊ ဒီဘက် တကောင်းဆင်းတဲ့လမ်းတွေအားလုံးလည်း ပိတ်လိုက်တယ်။ နောက်လ ၆ ရက်နေ့အထိလို့တော့ သိထားရတယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

မိုးကုတ်မြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတာ တစ်နှစ်နီးပါးကြာမြှင့်လာချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။

July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...
July 16, 2026
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို...
July 15, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ထီးချိုင့်မြို့ပေါ်  ရပ်ကွက်အချို့တွင်...
July 13, 2026
‘အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့’ မှ ခေါင်းဆောင် ကိုဝင်းဇော်အပါအဝင် ဒေသခံ...