မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့

မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားကာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့အပြင် နေအိမ်ထိခိုက်ပျက်စီးမှုတွေလဲရှိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး‌‌ကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ညအချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ဟုတ်တယ် မြေပြိုတာ ဒေသခံတစ်ဦး သေဆုံးခဲ့တယ်။ ၁၆ ရပ်ကွက်နဲ့ ကျောက်ကြားရပ်ကွက်မှာ ဖြစ်သွားတာ။ နေအိမ်လည်း ၅ လုံး ၆လုံး ထိခိုက်ပျက်စီး သွားခဲ့တယ်။”လို့ ဦးဗညားက ပြောပါတယ်။

သေဆုံးခဲ့သူ အမျိုးသမီးဟာ အသက် (၅၈) နှစ်အရွယ် ဒေါ်ဟားထူးဖြစ်ပြီး မြေပြိုမှုဒဏ်ကြောင့် ဇူလိုင်လ ၂၈ ရက်နေ့ မနက်(၄) နာရီမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မော်ချီးဒေသက ရပ်ကွက် (၂) ခုမှာမြေပြိုမှု ဖြစ်ပွားခဲ့ရာ ရပ်ကွက်တစ်ခုမှာတော့ နေအိမ်တစ်လုံးနဲ့ မြေမြေအက်ကွဲမှုတွေရှိခဲ့ပြီး လူထုထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ထပ် ရပ်ကွက်တစ်ခုမှာတော့ အဆိုပါ ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးမှုအပြင် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ဘေးအပြင် သဘာဝဘေးအန္တာရာယ်ကိုပါ ရင်ဆိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ လက်ရှိမှာ မိုးလေဝသဆိုင်ရာ သတင်းတွေကို အမြဲနားစွင့်ထားဖို့ကိုလဲ ဦးဗညားက အခုလိုဆက်ပြောပါတယ်။

“အမှန်က လူထုတွေကိုယ်တိုင်က သိထားပြီးသားပါပဲ။ အဓိက ပြောချင်တာကတော့ မိုးလေဝသ သတင်းကို အမြဲနားစွင့်နားထောင်ဖို့ပါပဲ။” လို့ ဦးဗညားက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာလည်း မော်ချီးဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ မြေပြိုမှုနဲ့ အလားတူ ဖြစ်ပွားခဲ့တာရှိပြီး ပြည်သူထိခိုက်သေဆုံးမှုတွေအပြင် နေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

မော်ချီးဒေသဟာ ယခုနှစ် ၂၀၂၅ အတွင်းမှာလည်း မကြာခဏလေကြောင်းတိုက်ခိုက်မှုတွေ ခံနေရပြီး လူသေဆုံးမှု ရှိနေသလို နှစ်စဉ် မိုးရာသီကာလအတွင်း သဘာဝဘေးအန္တာရာယ်ကြောင့် ထိခိုက်သေဆုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...