ခေါင်လန်ဖူး-ပူတာအိုလမ်းပျက်စီးမှု တစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေး

ခေါင်လန်ဖူး-ပူတာအိုလမ်းပျက်စီးမှု တစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေး

ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်း ပျက်စီးမှု တစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်း မရှိသေးတဲ့အတွက် အသွားအလာပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇွန်လ ပထမအပတ်ကနေ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ခေါင်လန်ဖူး –ပူတာအိုကားလမ်းပိုင်း နေရာအများပိုင်း လမ်းမြေပြိုတာ၊ တောင်ပြိုတာတွေကြောင့် လမ်းပိုင်း သွားလာလို့မရပဲ ဒီကနေ့အထိ အသွားအလာ ပြတ်တောက်နေတာဖြစ်တယ်လို့ ခေါင်လန်ဖူး ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“လမ်းကအခုထိရှင်းကိုမရှင်းသေးတာ ဟိုတလောတခါပြိုတုန်းက ရှင်းသေးတယ်။ ဒါပေမယ့်ထပ်ပြိုထပ်ပြိုတော့ရှင်းလည်းမထူးတော့ဘူးဆိုပြီး အခုက မရှင်းတော့တာ မိုးကုန်မှပဲရှင်းမယ်တဲ့။ အဲ့ချိန်မှသွားလို့ရမှာအခုလမ်းကသွားလို့မရတာ တစ်လကျော်နေပြီ” လို့ အသက် ၄၀ ကျော် အရွယ်ခေါင်လန်ဖူးဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။

ခေါင်လန်ဖူး– ပူတာအိုကမ်းလမ်းပိုင်းမှာ ဒီနှစ် မတ်လမှာတစ်ကြိမ် လမ်းပိုင်းမြေပြိုမှုဖြစ်ခဲ့ပြီး ဒေသခံတွေ ပြန်လည်ပြုပြင်ခဲ့ပေမယ့် ယင်းနေရာမှာ ထပ်ပြိုခဲ့တာကြောင့် မိုးရာသီကုန်မှသာ ပြုပြင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကားလမ်းပြိုတဲ့နေရာဟာ ပူတာအို–ခေါင်လန်ဖူး လမ်းရှိ ရီဒမ်းဂိတ်တစ်လျှောက် အဆိုးဆုံးလို့သိရပြီး တစ်လမ်းလုံးနီးပါး ပြိုထားတာကြောင့် ပြန်လည်ပြုပြင်ဖို့ လနဲ့ချီ ကြာနိုင်တယ်လို့ သိရပါတယ်။

“လမ်းက ဒီရှစ်လကုန် ကိုးလပိုင်းလောက်မှ ရှင်းမယ်တဲ့ အခုရှင်းလည်း မိုးရွာရင် ထပ်ပြိုမှာဆိုတော့ အခုက မရှင်းတော့ဘူး။ ရှစ်လ၊ ကိုးလလောက်မှ သွားလာလို့ရမှာ” လို့ ပူတာအိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ယင်းလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာပြတ်တောက်နေတဲ့အတွက် ခေါင်လန်ဖူးဒေသခံအတွက် အခြေခံစားသောက်ကုန်၊ လူသုံးကုန်တွေကို တရုတ်ပြည်နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ ရှိန်းခေါင်လမ်းပိုင်းကို အသုံးပြုနေရတယ်လို့ သိရပါတယ်။

ရှိန်းခေါင်လမ်းပိုင်းဟာ ကားသွားလို့မရတော့တာကြောင့် ကုန်သယ်ယူဖို့ အခက်အခဲရှိနေပြီး ကုန်စည်အဝင်နှေးတဲ့အတွက် ကုန်စည်ရှားပါးတာ၊ ကုန်စျေးတက်တာတွေလည်း ကြုံတွေ့နေရကြောင်းဒေသခံတွေက ဆိုပါတယ်။

ပူတာအို-ခေါင်လန်းဖူး ကားလမ်းပိုင်းဟာ မြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲ သွားလာနေရတဲ့ လမ်းပိုင်း ဖြစ်ပါတယ်။

ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇွန်လပိုင်းက မိုးရွာသွန်းမှုကြောင့်ကျေးရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီးတချို့နေရာတွေမှာ ဒီကနေ့အထိ အသွားအလာ ပြတ်တောက်နေဆဲလို့ သိရပါတယ်။

ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...