ဗန်းမော်၊ ဝိုင်းမော်(လမြန်)နဲ့ ဖားကန့်ဒေသဘက်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနဲ့ အကြိမ် ၈၀ လောက် ဗုံးကြဲတိုက်ခိုက်

ဗန်းမော်၊ ဝိုင်းမော်(လမြန်)နဲ့ ဖားကန့်ဒေသဘက်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနဲ့ အကြိမ် ၈၀ လောက် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဗန်းမော်၊ ဝိုင်းမော်(လမြန်)နဲ့ ဖားကန့်ဒေသဘက်မှာ ပြီးခဲ့တဲ့ သတင်းပတ်က နေ့စဉ် တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲပေါင်း ၁၃ ကြိမ်ရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဇူလိုင်လ ၁၃ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်ကနေ သိရပါတယ်။

ဒါ့အပြင် ဗန်းမော်ဘက် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး/ငယ်တွေနဲ့ နေ့တိုင်း ပစ်ခတ်တိုက်ခိုက်တာရှိတယ်လို့ ဖော်ပြထားပြီးတော့ စစ်ကောင်စီကနေ လေယာဉ် ဗုံး ၆ ကြိမ်၊ ဒရုန်းဗုံး ၇၆ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၁၇၈ ကြိမ် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ ဇူလိုင်လ ၄ ရက်နေ့ တစ်ရက်တာအတွင်းမှာပဲ ဒရုန်းဗုံး ၃၁ ကြိမ်၊ လက်နက်ကြီး ၇၃ ကြိမ် ပစ်ခတ်ခဲ့တယ်လို့လည်း ထပ်မံဖော်ပြထားတာပါ။

ဝိုင်းမော်၊ လမြန်စစ်မျက်နှာပြင်ဘက်ကိုလည်း စစ်ကောင်စီက ခြေလျင်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ခိုက်တာ သုံးကြိမ်ရှိပြီး မြစ်ကြီးနား-မပခ ဘက်ကလည်း လက်နက်ကြီး၊ ဒရုန်းဗုံး ကြဲတာတွေ နေ့တိုင်းလိုလို ရှိတယ်လို့ ဆိုပါတယ်။

KIA ပူးပေါင်းတပ်ကလည်း ခုခံတိုက်ခိုက်ပြီး မြေနေရာတွေ လက်မလွှတ်ရအောင် ဆက်လက် ကာကွယ်နေဆဲ ဖြစ်တယ်လို့ ဆိုထားပါတတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ တစ်ပတ်တာအတွင်းမှာလည်း ဗန်းမော်၊ ဝိုင်းမော် လမြန်နဲ့ ဖားကန့်နယ်မြေတွေဘက် နေ့တိုင်းတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကနေ လေကြောင်းနဲ့ အကြိမ် ၁၂၀ ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်ပတ်တာအတွင်းမှာလည်း တိုက်ပွဲပေါင်း ၇ ကြိမ်ဖြစ်ပွားခဲ့တဲ့အပြင် စစ်ကောင်စီဘက်က လေကြောင်းကနေ ၈၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...