မော်ချီးမှာ စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်ပြီး မိသားစုဝင် ၅ ဦးသေဆုံးခဲ့

မော်ချီးမှာ စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်ပြီး မိသားစုဝင် ၅ ဦးသေဆုံးခဲ့

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသက လိုလော်ထီးကျေးရွာကို စစ်ကောင်းစီကလေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိသားစုဝင် (၅) ဦးသေဆုံးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်း‌ရေးမှူး(၂) ဆရာဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါင် (၅၀၀) ဗုံးကိုအသုံး ပြုခဲ့တာပါ။ သေဆုံးသူ ၅ ဦးဟာ မိသားစုဝင်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

“သိရသလောက်ကတော့ မိသားစုဝင်တစ်ခုတည်းလို့တော့ ပြောတာပေါ့နော်။ အဲ့လိုမျိုးသိထားပါတယ်။”လို့ ဆရာဗညားက ဆိုပါတယ်။

သေဆုံးခဲ့တဲ့ မိသားစုဝင်(၅) ဦးဟာ အသက်အရွယ်အားဖြင့် အသက်(၃)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ (၈) နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦး၊ ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၅ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၁၅ နှစ်အောက် ကလေး ၃ ဦးအပါအဝင် အမျိုးသား(၃) ဦးနဲ့ အမျိုးသမီး(၃) ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာတော့ ဒဏ်ရာပြင်းထန်ကာ ကျန် ၅ ဦးမှာတော့ မစိုးရိမ်ရဘူးလို့ ဆရာဗညားဆီကနေ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ နေအိမ် (၆) လုံး၊ ဘုရားကျောင်း နဲ့ အသင်းတော်ရိပ်သာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာလည်း မော်ချီးဒေသကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား (၈) ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မော်ချီးဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြုလုပ်တဲ့ အကြိမ်ရေဟာ လက်ရှိမှာ ၇ ကြိမ် ရှိနေပြီဖြစ်ပါတယ်။

ဓါတ်ပုံ - สำนักงานประชาสัมพันธ์ จังหวัดแม่ฮ่องสอน ( မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး)
June 23, 2026
ဒုက္ခသည်တို့ရဲ့ စီမံခန့်ခွဲမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ထိုင်းနိုင်ငံ၊ မယ်‌ဟောင်ဆောင်ခရိုင်...
June 22, 2026
ဇွန် ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၅၁) ကြိမ်မြှောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်တွင်း၊ IEC ရဲ့...
June 20, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တောင်ယာခင်းထဲ သွားလာကြတဲ့ တောင်သူတွေကို...
June 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ စစ်ရှောင်စခန်းတနေရာက စာသင်ကျောင်းမှာ...